Monday, December 30, 2013

ကမ္ဘာ့အကြီးဆုံး ဓမ္မစေတီခေါင်းလောင်းကြီးကို တူးဖော် ဆယ်ယူမတင်တော့မည်





မြန်မာတစ်မျိုးသားလုံး၏ ရင်ထဲ၊ နှလုံးထဲတွင် တစ်ရံမလပ် မမေ့မပျောက်နိုင်အောင် ကိန်းအောင်း စွဲလမ်းနေသော ရတနာတစ်ပါးရှိပါသည်။ ထိုရတနာကား ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းကြီးဒ အလှူတော်ဖြစ်သော ဓမ္မစေတီခေါင်းလောင်းကြီးပင်ဖြစ်ပါသည်။ သက္ကရာဇ ၈၃၄ ခုနှစ်တွင် နန်းတက်သော ထိုမင်းသည် ခရစ်နှစ် ၁၄၇၆ ခုနှစ် ကြေးချိန် တစ်သိန်းရှစ်သောင်းဖြင့် အ၀ရှစ်တောင်၊ စောက်၁၂တောင်ရှိသော ကြေးခေါင်းလောင်းကြီးကို သွန်းလုပ်၍ ရွှေတဂုံစေတီတော်မြတ်ကြီးအား ရေစက်သွန်းချလှူဒါန်းခဲ့ပါသည်။ ထိုခေါင်းလောင်းကြီးကို ဒမ္မစေတီမင်းကြီး မရှိတော့သည့်နောက် သန်လျင်မြို့စား ငဇင်ကာက ၁၆၁၂ခုနှစ်တွင် အမြောက်သွန်းလုပ်မည်ဟူသော အကြံဖြင့် သိင်္ဂုတ္တရကုန်းတော်မှ ချကာ လှေဖြင့်သယ်ယူရာတွင် ပန်းအလွဲချောင်းအတွင်း (ယခု ဒေါပုံချောင်း၊ပဲခူးမြစ်၊ ရန်ကုန်မြစ်သုံးဆိုင်) တွင် လှေကွဲ၍ ရေသို့ ကျရောက်နစ်မြုပ်သွားခဲ့သည်။ နှစ်ပေါင်း ၄၀၁နှစ်တိတိ ကြာမြင့်အချိန်တွင် ကျိုက်ထီးဆောင်းဆရာတော်ဘုရားကြီး၊ ခေါင်းလောင်းတော်အား ပြန်လည်ဆယ်ယူရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါသည်။ သာသနာအတွက်ရော၊ ဘာသာအတွက်ရော၊ နိုင်ငံအတွက်ပါ၊ ကောင်းမွန်သည့်အလုပ်ဟု ဆရာတော်ဘုရား မိန့်ကြားတော်မှုသည့် ခေါင်းလောင်းတော် ဆယ်ယူရေးနှင့် ရွှေတဂုံစေတီကုန်းတော်ပေါ်ပြန်လည်တင်လှူမည့် လုပ်ငန်းစဉ်ကြီးအောင်မြင်မည်ဟု ရာနှုန်းပြည့်ယုံကြည်သည့် ဒကာရင်းဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း၏ ဥက္ကဠ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၊ ၀ဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက  မည်မျှငွေကြေးကုန်သည်ဖြစ်စေ မိမိတာဝန်ယူ လှူဒါန်းပါမည်ဟု ဆရာတော်ထံ အာမဘန္တေခံ လျှောက်ထားခဲ့ပါသည်။

သာသနာ့အလင်း ဂျာနယ် မှ တင်ပြထားပါသည် kplusbloggerမှ သူငယ်ချင်းများသိစေရန်အတွက်ပါ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ

No comments:

Post a Comment