Thursday, April 24, 2014

ပုဂံ အာနန္ဒာဘုရား၏ အံ့ဖွယ် ( ၉ ) ပါး


ပုဂံပြည်ရှိ အာနန္ဒာဘုရားကို သက္ကရာဇ် ၄၅၂-ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ဘုရားဒကာမှာ ကျန်စစ်မင်းကြီး ဖြစ်ပါသည်။

ထုမှာ ဓမ္မရံ၊ အနုမှာ အာနန္ဒာ-ဆိုသောစကားနှင့်အညီ ဓမ္မရံ ဘုရားသည် ထုထည်ကြီးမားပြီး အာနန္ဒာဘုရားမှာမူ အနုပညာလက်ရာမြောက်ကြောင်း ပညာရှိများက ဆိုမိန့်ခဲ့ကြပါသည်။ အာနန္ဒာဘုရား ထူးခြားသည်နှင့်အမျှ အံ့ဖွယ် (၉)ပါး ရှိပါသည်။
၁။ စေတီတော် တည်တော်မူစဉ်က ရဟန္တာအရှင်မြတ်တို့ ဖန်ဆင်းပြအပ်သော နန္ဒမူလိုဏ်ဂူ-၏ပုံစံကိုယူ၍ တည်ထားသည့် စေတီတော်ဖြစ်ခြင်း။
၂။ စေတီတော်၏ အောက်ခံအုတ်မြစ်ကို အတောင်-၆၀ အထိ နက်အောင်တူး၍ အတောင် ၃၀-ထိအောင် နဂါးရစ်ကျောက်အမျိုးအစားဖြင့် အုတ်မြစ်ချတော်မူခြင်း။
၃။ ထို့ထက် ကျန်အတောင် ၃၀-ကို ကျောက်သေတ္တာပုံစံ ဌာပနာတိုက် ပြုလုပ်၍ ရွှေစင်ပိဿာပေါင်းများစွာရှိသော ဗုဒ္ဓဘုရား၏ ဆင်းတုတော် ဗုဒ္ဓ၀င်ရုပ်တု အစရှိသည့် ရွှေစင်ရုပ်တုပေါင်းများစွာ ခြံရံလျက် ဓာတ်တော်များကို ဌာပနာထားခြင်း။
၎။ အာနန္ဒာစေတီတော်၏ပုံသည် စကြာမင်းနန်းတော် နတ်ဗိမာန်ကဲ့သို့ လှပဆန်းပြား တင့်တယ်ခန်းနားကာ သပ္ပာယ်တော်မူခြင်း။
၅။ စေတီတော်အတွင်း၌ ဤဘဒ္ဒကမ္ဘာတွင် ပွင့်ထွန်းပေါ်ပေါက်ခဲ့ပြီးသော ဘုရားလေးဆူဖြစ်သည့် ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဘုရားရှင်တို့ကို ရည်မှန်း၍ ၁၈-တောင် အမြင့်ရှိသော ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် လေးဆူတို့ကို ထုလုပ်ပူဇော် ကိုးကွယ်ထားရှိခြင်း။
၆။ စေတီတော်ကြီး ပတ်လည်၌ ဗုဒ္ဓ၀င်ဇာတ်တော်များကို ပုံစံရုပ်တု စဥ့်ခွက်များ စီခြယ်ထားရှိခြင်း။
၇။ စေတီတော်တည်စအချိန်တွင် စေတီတော်ရင်ပြင် လေးမျက်နှာတို့၌ ပုဗ္ဗာရုံအစရှိသော ကျောင်းတိုက်လေးတိုက် ခြံရံပြီး ထားရှိသဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်ဟု ထင်မှတ်သတိရစေခြင်း။
၈။ ပုဂံခေတ် အနုပညာလက်ရာများနှင့် ဗိသုကာပညာရပ်များကို ပေါ်လွင်ထင်ရှားစေသော ၀ိသေသလက္ခဏာ မဟာစေတီတော်ကြီးအဖြစ် ထီးထီးမားမား ထင်ရှားစွာ တည်ရှိခြင်း။
၉။ ဘုရားဖူးလာသူ ရဟန်းရှင်လူ ပြည်သူအများ ဖူးလာမစဲ တဖွဲဖွဲရှိခြင်း။ ဖူး၍မ၀ ရှု၍မ၀နိုင်သော စေတီတော်ကြီးဖြစ်ခြင်း။ စသော အံ့ဖွယ် (၉)ပါးနှင့် ပြည့်စုံပေ၏။

တန်ခိုးကြီးဘုရား ဟုဘာကြောင့်သုံးနှုန်းနေကြတာလဲ

ဘုရားစေတီ မှန်သမျှ ပွင့်ခဲ့ပြီးသော မြတ်စွာဘုရား အဆူဆူကို ကိုယ်စားပြု ရည်မှန်း၍ တည်ထား ခြင်းဖြစ်ပါ၏။ 
ယင်းသို့ မြတ်စွာ ဘုရားကို ရည်မှန်း ၍ တည်ထားသော “ဘုရားစေတီ” အချင်းချင်း
မည်သည့်ဘုရား က “တန်ခိုးကြီးသည်” ဟု သုံးနှုန်းနေကြခြင်း မှာ သင့်တော် လျှောက်ပတ်ပါ ၏လော၊ မြန်မာပြည် အဝန်းတွင် ဘုရား စေတီအများ အပြား ရှိလေရာ ”တန်ခိုးကြီး ဘုရားဖူးမည်” ဟု အချို့သော ဘုရားဖူး လုပ်ငန်းရှင်များ က ကြော်ငြာလေ့ရှိကြ၏။
ထို ဘုရားတို့သာ တန်ခိုးကြီးပြီး ကျန်သောဘုရားတို့က တန်ခိုးမရှိတော့ပြီလော။
“တန်ခိုးကြီး ဘုရား” ဟူသော အသုံးအနှုန်း နှင့် စပ်လျဉ်း၍ ဂါးဒီးယန်း ဦးစိန်ဝင်း၏ အမေးကို အရှင်ဇနကာ ဘိဝံသ ဆရာတော်ကြီး၏ အဖြေမှာ များစွာ မှတ်သားစရာ ကောင်းလှပါသည်။
ဂါးဒီးယန်းဦးစိန်ဝင်း၏ အမေးမှာ-
“တန်ခိုးကြီး ဘုရားကို တကူးတက သွား၍ ဖူးမြှော် ပူဇော်ခြင်းနှင့်  အိမ်တွင် ကိုးကွယ်ထားသော ရုပ်ပွား တော်ကို ဖူးမြှော်ခြင်း တွင် မည်သည့် ဖူးမြှော်ခြင်းက ပို၍ အကျိုးရှိပါ သနည်း?”
ဆရာတော်ကြီး၏ ဖြေကြားတော်မူချက်မှာ ဤသို့ဖြစ်ပါ၏။
“ဘုန်းကြီး အလိုအားဖြင့် သက်တော် ထင်ရှား မြတ်ဘုရား၏ ကိုယ်စား တော်ချည်း ဖြစ်ကြသော ရုပ်ပွား တော်၊ စေတီတော် များကို တန်ခိုးကြီးငယ် မခွဲခြားလိုပါ။
လူ အသွား အလာများသည် ကို တန်ခိုးကြီး လူအရောက် အပေါက် နည်းသည်ကို တန်ခိုးငယ် ဟု ဆိုလိုလျှင် တောကြီး တောင်ကြီး ထဲ၌ လူ တစ်ယောက်မှ အရောက် အပေါက်မရှိသော  ရုပ်ပွားတော်၊ စေတီတော် များကို တန်ခိုး မရှိသော ဘုရား ဟုခေါ်ရ မလို ဖြစ်နေ ပါသည်။
ထို့ကြောင့် ဤပြဿနာ အတွက် အထူးဖြေဖွယ်ရာ မလိုပါ။
         

မြန်မာပြည် တန်ခိုးကြီးဘုရားများ၏ အံ့သြဖွယ်ရာများ

( ၁ ) ပုဂံ အာနန္ဒာဘုရား၏ အံ့ဖွယ် ( ၉ ) ပါး
ပုဂံပြည်ရှိ အာနန္ဒာဘုရားကို သက္ကရာဇ် ၄၅၂-ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ဘုရားဒကာမှာ ကျန်စစ်မင်းကြီး ဖြစ်ပါသည်။

ထုမှာ ဓမ္မရံ၊ အနုမှာ အာနန္ဒာ-ဆိုသောစကားနှင့်အညီ ဓမ္မရံ ဘုရားသည် ထုထည်ကြီးမားပြီး အာနန္ဒာဘုရားမှာမူ အနုပညာလက်ရာမြောက်ကြောင်း ပညာရှိများက ဆိုမိန့်ခဲ့ကြပါသည်။ အာနန္ဒာဘုရား ထူးခြားသည်နှင့်အမျှ အံ့ဖွယ် (၉)ပါး ရှိပါသည်။
၁။ စေတီတော် တည်တော်မူစဉ်က ရဟန္တာအရှင်မြတ်တို့ ဖန်ဆင်းပြအပ်သော နန္ဒမူလိုဏ်ဂူ-၏ပုံစံကိုယူ၍ တည်ထားသည့် စေတီတော်ဖြစ်ခြင်း။
၂။ စေတီတော်၏ အောက်ခံအုတ်မြစ်ကို အတောင်-၆၀ အထိ နက်အောင်တူး၍ အတောင် ၃၀-ထိအောင် နဂါးရစ်ကျောက်အမျိုးအစားဖြင့် အုတ်မြစ်ချတော်မူခြင်း။
၃။ ထို့ထက် ကျန်အတောင် ၃၀-ကို ကျောက်သေတ္တာပုံစံ ဌာပနာတိုက် ပြုလုပ်၍ ရွှေစင်ပိဿာပေါင်းများစွာရှိသော ဗုဒ္ဓဘုရား၏ ဆင်းတုတော် ဗုဒ္ဓ၀င်ရုပ်တု အစရှိသည့် ရွှေစင်ရုပ်တုပေါင်းများစွာ ခြံရံလျက် ဓာတ်တော်များကို ဌာပနာထားခြင်း။
၎။ အာနန္ဒာစေတီတော်၏ပုံသည် စကြာမင်းနန်းတော် နတ်ဗိမာန်ကဲ့သို့ လှပဆန်းပြား တင့်တယ်ခန်းနားကာ သပ္ပာယ်တော်မူခြင်း။
၅။ စေတီတော်အတွင်း၌ ဤဘဒ္ဒကမ္ဘာတွင် ပွင့်ထွန်းပေါ်ပေါက်ခဲ့ပြီးသော ဘုရားလေးဆူဖြစ်သည့်

kplusbloggerရဲ့သတင်းမှန်သမျှကိုကြည့်ချင်သူများအတွက်

 Androidဖုန်းများအတွက် တင်သမျှကိုကြည့်ရူနိုင်ရန်အတွက် Apkထုတ်ပေးထားတယ်နော် ဒေါင်းလော့လုပ်ပါ
Android For Kplusblogger Apk download link

မြန်မာအမျိုးသမီးတိုင်း ဖတ်သင့်၏။အမျိုးသားများလဲ သိသင့်၏

မန်မာအမျိုးသမီးတိုင်း ဖတ်သင့်၏။အမျိုးသားများလဲ သိသင့်၏.......

ကိုယ်ဝန်ဖျက်ချခြင်းသည် ပါဏာတိပါတကံ ထိုက်၏ မထိုက်၏

အရှင်ဘုရား၊ မေးလျောက်စရာတခု ရှိလို့ပါဘုရား၊ တပည့်တော်တို့ အနောက်နိုင်ငံတွေမှာ လူမျိုးမရွေး ဘာသာမရွေး နိုင်ငံမရွေးပဲ ( ကန်တော့ပါရဲ့ ) အလိုမတူပဲ မုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးငယ်တွေ ဟာ နောက်ဆက်တွဲအနေနဲ့ ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ်ဝန်ဆောင်ရခြင်း ဒုက္ခတွေကို ခံစားနေရပါတယ်၊ တကယ်တော့ သူတို့ဟာ ငယ...
်ရွယ်သူများ ဖြစ်ကြတဲ့အတွက် တချို့များ ၁၃ နှစ် အရွယ်လောက်မှာပဲ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေကြရတာမို့ တတ်သိနားလည်တဲ့ လူကြီးတွေက နည်းလမ်းတွေ ဘာတွေ ပြောပြပြီး အဲဒီကိုယ်ဝန်ကို ဖျက်ချပေးရပါတယ်၊ မသိနားမလည်သေးတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် လူကြီးတွေက မျက်နှာလွှဲနေလို့လဲ မဖြစ်ပြန်ဘူးဘုရား၊

ဒီတော့ ဖခင်မပေါ်တဲ့ ကလေးကို မွေးဖွားခဲ့ပြန်ရင်လဲ လူ့အသိုင်းအ၀ိုင်းထဲမှာ ဘယ်လိုမှ မျက်နှာပြလို့ မရပြန်ဘူး၊ တပည့်တော်တို့ မြန်မာလူမျိုးတွေမှာဆို ပိုဆိုးပါတယ်၊ တကယ်ပဲ ပတ်ဝန်းကျင် အပြင်ဘက် ရောက်သွားတော့တာပါ၊ ပတ်ဝန်းကျင်ကလဲ လူမှု့ရေးကို အဓိကထားပြီး သူ့ကို ၀ိုင်းဝန်းကူညီ
ပေးကြရပါတယ်၊ ကိုယ်ဝန်အရင့်အမာ မဖြစ်သေးရင် နည်းမျိုးစုံနဲ့ ဖျက်ဖို့ အကူညီပေးရပြန်တယ်ဘုရား၊


နောက်တချက်က မဖျက်ပဲ မွေးဖွားလာခဲ့ရင်လဲ လက်ခြေ မသန်မာတဲ့ ကလေးတွေ၊ ဦးနှောက် ပုံမှန်မဟုတ်တဲ့ကလေးတွေ၊ မျက်စိမမြင်၊ နားမကြား၊ ဆွံ့အနေတဲ့ကလေးတွေ စသဖြင့် ပုံမှန် မဟုတ်တဲ့ ကလေးတွေကို မိခင်ဝမ်းတွင်းမှာကတည်းက အာထရာဆောင်း နဲ့ ကြည့်တဲ့အခါမှာ ကြိုတင် သိနေမြင်နေကြရပါတယ်၊ အဲဒီတော့ ဒီလို ကလေးတွေ မွေးလာပြန်ရင်လဲ လူ့လောက ထဲမှာ သူတို့ကို ပြုစုယုယနေရတာနဲ့ မိဘတွေမှာ တခြားအလုပ်မလုပ်နိုင်တော့ပါ

ဘိုးမင်းခေါင်၏ အောင်ထူးဆန်းဂါထာတော်



ကျွန်ုပ်၏မိတ်ဆွေ ဦးနေ၀င်းဆိုလျှင် ဘိုးမင်းခေါင်၏ အောင်ထူးဆန်းဂါထာတော်ကြီးကို ယုံယုံကြည်ကြည်ရွတ်သဖြင့် ထောင်ကျမည့်ဘေး၊ ငွေကြေးအမြောက်အမြား ဆုံးရှုံးရမည့်ဘေးမှ လွတ်မြောက်ခဲ့ပုံကို ပြောပြသည်။
မဆလခေတ် ဆန်ရှားချိန်ပေါ့၊ တစ်နယ်နဲ့တစ်နယ် အရောင်းအ၀ယ်မလုပ်ရမယ့် ကန့်သတ်ပစ္စည်းတွေ ထားတယ်ဗျ၊ အဲဒါသယ်ရင် ရောင်းရင် ဆိုရှယ်လစ်စီးပွားရေးစနစ် ဖျက်ဆီးတဲ့ပုဒ်မနဲ့ အရေးယူတာ၊ အဓိက ကတော့ ဆန်ပေါ့၊ ဆန်ကို တစ်နယ်နဲ့တစ်နယ် မသယ်ရဘူး၊ မသယ်ရဘူးဆိုမှတော့ ဆန်ဈေးက ကောင်းပြီပေါ့၊ စီးပွားရေးတွေကပျက် လုပ်စရာတွေက မရှိတော့ အဲဒီဆန်အရောင်းအ၀ယ်ကိစ္စကို စွန့်စားလုပ်ရတယ်၊ အမြတ်အစွန်းကလည်း မက်လောက်တာကိုး
          ဒီတော့ ကျုပ်နဲ့ ကျုပ်မိတ်ဆွေက မြစ်ဝကျွန်းပေါ်က ဆန်ဝယ် အညာကို ကားအစီးလိုက်ပို့တယ် ရှာဖွေရေးစစ်ဆေးရေးဆိုတာ ပြောမနေနဲ့… တစ်မြို့ တစ်ဖွဲ့၊ တစ်ချို့နေရာတွေမှာ နှစ်ဖွဲ့ သုံးဖွဲ့၊ အဲဒီဂိတ်တွေကို ဖြတ်ရတာ၊ ငွေပေးလို့ရတဲ့ဂိတ်ရှိတယ်၊ မရတဲ့ဂိတ်ရှိတယ်၊ အဲဒီတုန်းက နာမည်ကြီး ပဲခူး တောင်ငူ၊ ဆန်ဆိုရင် အိတ်ပိုင်းလေးတွေ့တောင် ဆွဲချတာ….
          အဲဒီခရီးကို ကျုပ်က ကားစီးလုံးတင်သွားတယ်၊ ပိုင်လှချည်လားလို့မထင်နဲ့ ဘယ်သူ့မှမပိုင်ဘူး ကျုပ်ပိုင်တာက အောင်ထူးဆန်းဂါထာ၊ ဘိုးမင်းခေါင်ကို ယုံတယ်၊ ဂါထာတောကို ယုံတယ်၊ အဲဒီအားကိုးနဲ့ တစ်ဂိတ်ပြီး တစ်ဂိတ်ဖြတ်တာ….
      

အပြုံးလေးတွေဝေစာကြပါစေဗျာ ကြည့်ပြီးရင်ရယ်နော်


ဝိညာဉ်တောင် ဆက်သွယ်မှု ဧရိယာပြင်ပတဲ့....

း)း)

ကောင်းလိုက်တဲ့ ဖက်ရှင်...း)

အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်သော ယောက်ျားများအကြောင်း ဟုတ်မဟုတ်တော့မသိဘူး မယုံရင်ပုံပြင်မှတ်ဗျာ အပျင်းပြေဖက်ကြည့်


၁။   မြင်မြင်ရာအကုန်ဖိုက်လို့ ( A ) ကိုက်နေတဲ့ ယောက်ျား။
၂။   ယမကာဆိုအားလုံးကြိုက် ( B ) ယာဗိုက်နဲ့ ယောက်ျား။
၃။   အနေအစားကမရှောင် ( C ) ပိုးကောင်တွေများတဲ့ယောက်ျား။
၎။   ပျိုပျိုမေမှန်သမျှကို ချစ်တယ် ချစ်တယ်နဲ့ အဲ့ ( D ) စကားပဲပြောလေ့ရှိတဲ့ ယောက်ျား။
၅။   လူရှေ့သူရှေ့မရှောင် ( E ) တပူပူ ပေါက်တဲ့ ယောက်ျား။
၆။   မူးလာရင်အရစ်ရှည် ပြောသမျှစကားတိုင်း ( F ) ကြောင်းထပ်တဲ့ ယောက်ျား။
၇။   လစာက နှစ်ပဲတစ်ပြား စားတိုင်း သောက်တိုင်း ( G ) ကျတဲ့ ယောက်ျား။
၈။   ညညဆို အင်မတန်ဆိုး သိုးနေအောင် ( H ) တဲ့ယောက်ျား။
၉။   ( I ) တွေ့တိုင်း ခြေဆေးတတ်တဲ့ ယောက်ျား။
၁၀။ အစားအသောက်ဆို အလွန်ဂျီးများ ( J ) ဒိုးနပ်ဆိုင် နေ့တိုင်းသွားတဲ့ ယောက်ျား။
၁၁။ မျက်နှာက သရဲရုပ် ပန့် ( K ) ခုတ်တဲ့ ယောက်ျား။
၁၂။ ကိုယ်လုံးက ခပ်သွယ်သွယ် ဟိုဒင်းက ( L ) စတုံကြီးတဲ့ ယောက်ျား (ဒေါသ)။
၁၃။ အရက်သောက်ရင် အတောမသတ် ( M ) ဖတ်ဆို့လေ့ရှိတဲ့ ယောက်ျား။
၁၄။ လူတကာကို ပြဿနာရှာ နေရာတကာ ( N ) တရာယ်များတဲ့ ယောက်ျား။
၁၅။ လူကတော့ သနားကမား အဖိုး ( O ) ရုပ်နဲ့ ယောက်ျား။
၁၆။ အလုပ်လုပ်တိုင်း ယောင်ဝါးဝါး တစ်ခုမှ မ ( P ) ပြင်တဲ့ ယောက်ျား။
၁၇။ မိန်းမကြီးကို အိမ်မှာထား အွန်လိုင်းတက်ပြီး ( Q ) တဲ့ယောက်ျား။
၁၈။ အပြောနဲ့အလုပ်ကမကိုက် ( R ) ရိုက်တဲ့ ယောက်ျား။

Wednesday, April 23, 2014

kplusblogger

အားလုံးပဲမင်္ဂလာပါခင်ဗျာ အချိန်ရရင်ရသလို postတွေကိုတင်ပေးသွားပါ့မယ်ခင်ဗျာ ရည်ရွယ်ချက်ကတော့ ဗဟုတုသဖြစ်စေဖို့ရည်ရွယ်ပါတယ်ခင်ဗျာ ကျွန်တော့်ဘလော့ကိုဝင်ကြည့်လိုက်လို့ ပညာ အသိရသွားတယ်ဆိုရင်ပဲ ကျွန်တော့်ဝမ်းသာပါတယ်ခင်ဗျာ

မဟာမြတ်မုနိသမိုင်း


ယခုရှိနေသော မန္တလေးမြို့တွင် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးသော တန်ဆောင်းပြဿဒ်တို့ဖြင့် ဆောက်လုပ်လျှက် ရဟန်းရှင်လူ၊ ပြည်သူအများတို့ အမြတ်တနိုးကိုးကွယ်နေကြသော မဟာမြတ်မုနိ ရုပ်တုအကြောင်းကို ယခုရဟန်းရှင်လူတို့ အယူအဆရှိသည့်အတိုင်း ပြောဆိုကြသည်မှာ။ ၄င်းမဟာမြတ်မုနိရုပ်တုသည် ရှင်တော်ဂေါတမ သက်တော်ထင်ရှားရှိစဉ်အခါက ဘုရားဖြစ်၍ ငါးဝါမြောက်တွင် ဓည၀တီရခိုင်ပြည်ကို နောက်လိုက်နောက်ပါ တပည့်သာဝကများနှင့် ရောက်လာပြီး သုံးဝါတည့်တည် ၀ါဆိုတော်မူပြီးကာလ စန္ဒသူရိယအား တရားဒေသနာ ဆုံးမသြ၀ါဒပေးတော်မူပြီးနောက်၊ စန္ဒသူရိယမင်းအား မိမိ၏ ကိုယ်စား ရုပ်ပွားသွန်းလုပ်စေတော်မူပြီးလျှင်၊ ရွှေရင်ငွေ့တော် ခုနှစ်လက်အုပ်ဖြင့်၊ အသက်သွင်းတော်မူခဲ့ကြောင်း၊ လူအပေါင်းတို့အား ပြောကြားလေသည်။

ြေ

Tuesday, April 22, 2014

ဆူးလေစေတီတော် သမိုင်း

ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ's photo.
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ's photo.


ဆူးလေစေတီတော်တည်နေရာ ရန်ကုန်မြို့လည်ခေါင်၊ မြို့တော်ခန်းမအနီးဉာဏ် တော် ၁၅၁-ပေကျော်ကြားမှု မြို့လည်ခေါင်မှ ကပ်ကျော်ဘုရားဆူးလေစေတီတော်သည် ရန်ကုန်မြို့လည်ခေါင်ရှိ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလမ်းဆုံ(မြို့တော်ခန်းမအနီး)တွင် တည်ရှိသည်။

သမိုင်းကြောင်း

သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအား လမ်းညွှန်ချက်ပေး၍သာသနာခရီးကို စီစဉ်ပေးခဲ့သည်။ အမတ်သူရဲကောင်းတို့သည်လည်းဘုရင်ညွှန်ကြားချ က်အတိုင်းဗုဒ္ဓမြတ်စွာ၏ဓာတ် တော်၊ဆံတော်များအား ပင့်ဆောင်၍ရွှေတိဂုံ စေတီတော် ကြီးတည်ရာ သိင်္ဂုတ္တရ ကုန်းတော်ပတ်လည်တွင် စေတီတော်များ တည်ထားကိုးကွယ်ရန် ကြိုးစားစွမ်းဆောင်မှုများ ပြုခဲ့ကြသည်။သမိုင်းအထောက်အထားများအရ ဆူးလေစေတီ တော်အားအသုတ်အမတ် ကြီး တည်ထားသည်ဟုသိရ၏။သူရဲကောင်းအသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် “ကျိုက်အသုတ်” ဘုရားဟုတွေ့ရ၏။ကျိုက်- ဘုရား၊ အသုတ် -အမတ်ကြီးဟု အဓိပ္ပါယ်ရ၏။ အသုတ်အမတ်ကြီးဘုရား ဟုဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင်အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် “ဆံတော်ဘုရား” ဟု ခေါ်ဆိုနိုင်၏။

များပြားလှသော ပုဂံ အမည်များ-



ပုဂံပြည်ကို  အစတည်သော  သမုတိရာဇ် မင်းကြီးသည်  ရှေးဦးအစ ပေါက္ကံ ပြည် ဟု  အမည်တွင်စေခဲ့ပြန်၏။

 ပြူစောထီး လက်ထက်  ငှက်ကြီး  ၀က်ကြီးစသော  ရန်မာန်တို့ကို  နှိမ်နှင်း အောင်မြင်သောကြောင့် အရိ မဒ္ဒနာ  ပြည် ဟု  တွင်ခဲ့ပြန်၏၊

 သေလည်ကြောင်မင်းး လက်ထက်မှ  မြို့တော်ကို  နေရာပြောင်းကာ သီရိ ပစ္စယာ ဟု သမုတ်ခဲ့ပြန်၏။

 သာရမွန် မင်းဖျား  လက်ထက်၌  နေရာ ပြောင်းပြန်၍ တမ္ဗ၀တီ  နေပြည်တော် ဟု ခေါ်တွင်ခဲ့ပြန်သည်၊ 

ဆန်ရေ စပါး ရတနာသုံးပါး  ပေါများကြွယ်ဝ  စည်ကားပြည့်စုံသောကြောင့်  ပုဏ္ဏ ဂါမ မည်လေ၏။
အနော်ရထာ မင်း လက်ထက် တွင်  ပုဏ္ဏ ဂါမ တွင်ရာမှ  ဏ္ဏ အက္ခရာ  ကျေကာ  သဒ္ဒါနည်းအရ  မ တလုံးကို   ( သေးသေးတင်  ) နိဂ္ဂဟိတ် ပြုကာ  ပုဂံ မည်လေသည်  ဟူသတတ်၊

နောက်တမျိုးကား  သမုတိရာဇ် မင်းသည်  ပြူလူမျိုးဖြစ်သောကြောင့်  အမျိုးအနွယ်  တန်ခိုး ထင်ရှားစေရန် ပြူဂါမ ဟု သမုတ်သည်၊။
နောင်ကာလ  ရွေ့လျားသောအခါ  ပူဂါမ + ပုဂါမ + ပုဂံ  ဟု ဖြစ်လာသည် ဟု  သာသနဗဟုဿုတ ပကာသနီကျမ်း မှာ ဖော်ပြထားလေ၏။
အဓိပ္ပါယ်ကား  ပြူလူမျိုးတို့  အဦးအစ တည်သော ရွာ ဟူလို။


ပုဂံရဲ့သမိုင်းပါ သေချာဖတ်ကြည့်ကြပါ



  ဆန်ရေ စပါး ရတနာသုံးပါး ပေါများကြွယ်ဝ စည်ကားပြည့်စုံသောကြောင့် ပုဏ္ဏ ဂါမ မည်လေ၏။
အနော်ရထာ မင်း လက်ထက် တွင် ပုဏ္ဏ ဂါမ တွင်ရာမှ ဏ္ဏ အက္ခရာ ကျေကာ သဒ္ဒါနည်းအရ မ တလုံးကို ( သေးသေးတင် ) နိဂ္ဂဟိတ် ပြုကာ ပုဂံ မည်လေသည် ဟူသတတ်၊

နောက်တမျိုးကား သမုတိရာဇ် မင်းသည် ပြူလူမျိုးဖြစ်သောကြောင့် အမျိုးအနွယ် တန်ခိုး ထင်ရှားစေရန် ပြူဂါမ ဟု သမုတ်သည်၊။နောင်ကာလ ရွေ့လျားသောအခါ ပူဂါမ + ပုဂါမ + ပုဂံ ဟု ဖြစ်လာသည် ဟု သာသနဗဟုဿုတ ပကာသနီကျမ်း မှာ ဖော်ပြထားလေ၏။
အဓိပ္ပါယ်ကား ပြူလူမျိုးတို့ အဦးအစ တည်သော ရွာ ဟူလို။


စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းထဲက ပုဂံပြည်အကြောင်း

သာသနာ ထွန်းကားခဲ့ရာ တချိန်က ပုဂံေ၇ွှမြို့တော်ကြီးမှာ စေတီ အဆူပေါင်း ၄ သန်းကျော် ရှိခဲ့ဖူးတယ်၊ ဒီထဲကမှ ရာသီဥတု ဒဏ်ကြောင့် ကာလ ကြာတဲ့အခါ အနီးရှိ ဧရာဝတီ မြစ်ထဲကို အဆူပေါင်း ၄ သိန်းကျော် ပျက်စီးခြဲ့ပီ လို့ သမိုင်းတွေက ဆိုပြန်တယ်၊

နောက်တဆက်တည်း ဗဟုဿုတ အနေနဲ့တော့ ပုဂံ မှာ အိမ်ခြေပေါင်း ၄ သန်းကျော် ရှိခဲ့ဖူးတယ် ဆိုတော့ တော်တော် စည်ကား သိုက်မြိုက်နေမှာကို တွေးပြီး လွမ်းမိပြန်တယ် ။
တချိန်က ဘာသာ သာသနာ လူမှု့ရေး စီးပွားရေး ပညာရေး လောကီ လောကုတ္တရာ ဘက်စုံ ထွန်းကားခဲ့ရာ ပုဂံ ဆိုတာက ယနေ့ အချိန်မှာ ဘယ်လိုမှ မယုံနိုင်စရာဖြစ်နေပါပြီ။

သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သက်ရှိ သက်မဲ့ အရာဝတ္ထုအားလုံး ဟာ ပျက်စီးရခြင်းမှာ အဆုံးသတ်ကြရတယ်၊ဆိုတာလို တကယ်တော့ အထက်ပါ စာရင်းဟာ ပုဂံနေပြည်တော်ကို ၄ ကြိမ်မြောက် တည်ထောင်သူ သေလဉ်ကြောင်မင်း လက်ထက်ထိ သာသနာထွန်းကားခဲ့ရာ ခေတ်အဆက်ဆက်ကို ပေါင်းပြီး ရေတွက်ဟန် တူပါတယ်၊

သာသနာအစစ်အမှန် ထွန်းကားခဲ့သော ခေတ်သည်ကား အနော်ရထာ အုပ်စိုးသော အချိန်ဖြစ်ပေသည်၊ ထိုစဉ်အခါ အရည်းကြီး တို့ သောင်းကျန်းနေချိန် ပုဂံနှင့်ဝေးရာ သထုံ နေပြည်တော်၌ မနော်ဟရီ အမည်ရှိသော မနုဟာ မင်းအုပ်ချုပ်နေချိန်ဝယ် သထုံပြည်၏ တောရွာ တရွာ၌ သီတင်းသုံးနေသော သီလဗုဒ္ဓိ မည်သော ရဟန္တာ မထေရ်ကြီးသည် နောင်အခါ ပုဂံပြည်၌ သာသနာ ထွန်းကားလတံ့သည်ကို မြင်တော်မူသောကြောင့် တာဝတိသာ နတ်ပြည်သို့ တက်ကာ သိကြားမင်းအား သာသနာပြုရန် နတ်သားတပါးကို လူ့ပြည်သို့ သက်ဆင်းကာ ပဋိသန္ဓေ ယူပါရန် တောင်ခံလေ၏၊

Monday, April 21, 2014

ဘိုးမင်းခေါင် ဂါထာ ပုပ္ပါးတောင်



အောင်ထူးဆန်း၊ မန်းသိုက်ဝင်
ထင်ကျော်သောင်း၊ ဆောင်းထီးဖြူ
လူထိပ်မိုး၊ ဟိုးဟိုးကျော်
ကျော်ဝှမ်းတက်၊ ဘက်မရှောင်
ခေါင်ဘုန်းကြီး၊ ထီးရွှေနန်း
မင်းက္ကန္ဒရာဇာ
ဧဟိ ဧဟိ။
ငါတို့ရှိရာ စီးပွားလာလော့၊
ငါတို့ရှိရာ ကြီးပွားလာလော့၊
ငါတို့ရှိရာ ပညာလာလော့၊
ငါတို့မှန်း၊ တစ်ရာ့တစ်ပါး၊
လူမျိုးရှားတို့၊ ကျော်ရန်နှိမ်နင်း၊
စောရန်ခွင်း၊ မငြင်းမဆန်
မခံမငံ့၊ လွန်ကြောက်ရွံ့သား။
တစ်စကြ၀ဠာလုံး၊ တစ်ကမ္ဘာလုံး၊ တစ်ပြည်လုံး၊
တစ်မြို့လုံး၊ တစ်ရွာလုံး၊ တစ်မိသားစုလုံး၊

Sunday, April 20, 2014

ဖောင်တော်ဦးစေတီတော် သမိုင်း



ဖောင်တော်ဦးစေတီတော်
ရုပ်ပွားတော်ငါးဆူလုံးကို ရွှေများချထားသည့်အတွက်ကြောင့် မူလပုံကိုမမြင်ရပါဘူး
ရွှေချဖို့အတွက် ယောက်ျားလေးကိုပဲ ရွှေချဖို့ခွင့်ပြုထားပါတယ်
ရုပ်ပွားတော် ငါးဆူလုံးက ဉာဏ်တော်အမြင့်မတူကြပါဘူး၊ အသေးဆုံးဘုရားရဲ့ဉာဏ်တော်အမြင့်က ၉လက်မရှိပြီး ဉာဏ်တော်အမြင့်ဘုရားက ၁၈လက်မရှိပါတယ်
သမိုင်း
ရုပ်ပွားတော်ငါးဆူလုံးကို ပုဂံဘုရင်အလောင်းစည်သူက ပင့်ဆောင်လာခဲ့ပါတယ်အလောင်းစည်သူမင်းဟာ ပုဂံပြည်ရဲ့ သက်တမ်းအရှည်ဆုံး အုပ်ချုပ်ခဲ့တဲ့ မင်းဖြစ်ပါတယ်
ဘုရင်ဟာသူရဲ့ဘ၀တစ်ရှောက်လုံးကို ရေကြောင်းခရီးထွက်ခြင်းဖြင့်အချိန်ကုန်စေခဲ့ပြီး သူဟာ ဘုရားကျောင်းကံအများဆုံးဆောက်လုပ် လှူဒါန်းသူဖြစ်ပြီး ကျော်ကြားပါသည်
သူရဲ့ဖောင်ကို သစ်သားနဲ့ဆောက်လုပ်ထားပြီး အစွမ်းထက်တဲ့ကျောက်တို့ပါဝင်ပါတယ် ဒီကျောက်တုံးရဲ့အစွမ်းက ဘုရင်ရဲ့ လက်ညှိုးညွန်ရာကို သွားနိုင်ပါသည်
ဘုရင်အင်းလေးကိုလာတဲ့အချိန်မှာ ဘုရင့်ဖောင်တော်က မသွားတော့ပဲရပ်နေခဲ့ပါတယ် ဒါကြောင့် ဒီနေရာကိုမှတ်သားထားပြီး ဘုရားတည်ခဲ့ပါတယ်
မြို့သူမြို့သားအချို့ဟာ ဘုရင့်ကိုဒီနေရာပဲနေပြီး ဘုရားကိုစောင့်ရှောက်ဖို့တောင်းဆိုလို့ ဘုရင်ခွင့်ပြုလိုက်ပါတယ်

ပြည် - ထုံးဘို-အကောက်တောင်

ပြည် - ထုံးဘို-အကောက်တောင် (နေ့ချင်းပြန်)စရိတ်ငြိမ်း (35000ကျပ်) 7ယောက်ပြည့်ပါက ခရီးစဉ်ထွက်ပေးပါသည် မိသားစုအလိုက်ဖြစ်စေ၊ သူငယ်ချင်းများဖြစ်စေ၊ ၇ယောက်ပြည့်ပါက ခရီးစဉ်ထွက်ပေးပါသည် သဘာဝအလှအပများကို အပြည့်အ၀ခံစားလို့ရပါသည်Photo: ပြည် - ထုံးဘို-အကောက်တောင် (နေ့ချင်းပြန်)စရိတ်ငြိမ်း (35000ကျပ်) 7ယောက်ပြည့်ပါက ခရီးစဉ်ထွက်ပေးပါသည် မိသားစုအလိုက်ဖြစ်စေ၊ သူငယ်ချင်းများဖြစ်စေ၊ ၇ယောက်ပြည့်ပါက ခရီးစဉ်ထွက်ပေးပါသည် သဘာဝအလှအပများကို အပြည့်အ၀ခံစားလို့ရပါသည်

ပုဂံ-ညောင်ဦး--ပုပ္ပါး - စွယ်တော်လေးဆူ

ပုဂံ-ညောင်ဦး--ပုပ္ပါး - စွယ်တော်လေးဆူ (၂၃ရက်၅လပိုင်း) (၃ညအိပ်၎ရက်) Hotelတွင်တည်းခိုပါမည်၊ စားသောက်ဆိုင်များတွင်ကျွေးပြီး၊ စက်လှေခအပြီးအစီး စရိတ်ငြိမ်းဖြစ်ပါသည်
၆၅၀၀၀ကျပ်
Photo: ပုဂံ-ညောင်ဦး--ပုပ္ပါး - စွယ်တော်လေးဆူ (၂၃ရက်၅လပိုင်း) (၃ညအိပ်၎ရက်) Hotelတွင်တည်းခိုပါမည်၊ စားသောက်ဆိုင်များတွင်ကျွေးပြီး၊ စက်လှေခအပြီးအစီး စရိတ်ငြိမ်းဖြစ်ပါသည်
၆၅၀၀၀ကျပ်

ကားများကိုငှားရမ်းပေးပြီး လူကြီးမင်းတို့ စိတ်တိုင်းကျအောင် ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ

Photo:်အားလုံးပဲမင်္ဂလာပါခင်ဗျာ မိမိသွားလိုသောခရီးစဉ်များ နေချင်းပြန်၊ လချုပ်၊ နှစ်ချုပ်များဖြင့် ကားများကိုငှားရမ်းပေးပြီး လူကြီးမင်းတို့
စိတ်တိုင်းကျအောင် ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ လူကြီးမင်းများကားများငှားလိုပါက Saloon - Mark 2 - Belta - ရွှေငါး - super-custom -Alphat 
Hi-Ace - Japan express ကားများကို အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ
GAEနဲ့ဆက်သွယ်ပါ အားလုံးပဲမင်္ဂလာပါခင်ဗျာ မိမိသွားလိုသောခရီးစဉ်များ နေချင်းပြန်၊ လချုပ်၊ နှစ်ချုပ်များဖြင့် ကားများကိုငှားရမ်းပေးပြီး လူကြီးမင်းတို့
စိတ်တိုင်းကျအောင် ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ လူကြီးမင်းများကားများငှားလိုပါက Saloon - Mark 2 - Belta - ရွှေငါး - super-custom -Alphat
Hi-Ace - Japan express ကားများကို အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ

ကားငှားလိုပါသလားGAEကိုဆက်သွယ်လိုက်ပါ

Photo: မင်္ဂလာပါခင်ဗျာ! လူကြီးမင်းတို့ ကားငှားလိုပါသလားGAEကိုဆက်သွယ်လိုက်ပါ ၇ယောက်စီး၊ ၁၀ယောက်စီး၊ ၁၃ယောက်စီး၊ ၂၅ယောက်စီး
၃၃ယောက်စီး၊ ၄၅ယောက်စီးအစရှိသောကားများနဲ့ Japan Expressကားကြီးများနဲ့ Sloon - Mark X - Mark2 - Belta -
ရွှေငါး၊ super-custom - Hi-Ace - အစရှိသောကားများကိုငှားရမ်းပေးပြီး ကောင်းမွန်စွာဝန်ဆောင်မူပေးနေပါတယ်ခင်ဗျာ
GAEမှ ကားများကို နေချင်းပြန်၊ လချုပ်၊ နှစ်ချုပ်များဖြင့်လည်း ငှားရမ်းပေးပြီး လူကြီးမင်းများစိတ်တိုင်းကျအောင် ဆောင်ရွက်
ပေးနေပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာ! လူကြီးမင်းတို့ ကားငှားလိုပါသလားGAEကိုဆက်သွယ်လိုက်ပါ ၇ယောက်စီး၊ ၁၀ယောက်စီး၊ ၁၃ယောက်စီး၊ ၂၅ယောက်စီး
၃၃ယောက်စီး၊ ၄၅ယောက်စီးအစရှိသောကားများနဲ့ Japan Expressကားကြီးများနဲ့ Sloon - Mark X - Mark2 - Belta -
ရွှေငါး၊ super-custom - Hi-Ace - အစရှိသောကားများကိုငှားရမ်းပေးပြီး ကောင်းမွန်စွာဝန်ဆောင်မူပေးနေပါတယ်ခင်ဗျာ
GAEမှ ကားများကို နေချင်းပြန်၊ လချုပ်၊ နှစ်ချုပ်များဖြင့်လည်း ငှားရမ်းပေးပြီး လူကြီးမင်းများစိတ်တိုင်းကျအောင် ဆောင်ရွက်
ပေးနေပါတယ်ခင်ဗျာ

Tuesday, April 1, 2014

ရွှေတိဂုံ ဘုရားသမိုင်း

ဗုဒ္ဓဘာသာ သာသနာတော်ကို ယုံကြည်သက်ဝင်၍ ကိုးကွယ်သော ဓမ္မမိတ်ဆွေများအပြင် မိရိုးဖလာ အစဉ် အဆက်ကို ထိန်းသိမ်း စောင့်ရှောက် ကိုးကွယ်လာသော ဗုဒ္ဓဘာသာဝင်များ အများစုသည် ရန်ကုန်မြို့ သို့ အလည်သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ ရောက်လာလျှင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား မဖြစ်မနေ သွားရောက်ဖူးမျှော်လေ့ ရှိကြပါ တယ်။ ရန်ကုန်တွင် နေထိုင်သူများအဖို့တော့ အထူးတလည် ပြော ဖွယ်ရာမရှိပါ။ ထို့အပြင် ကမ္ဘာလှည့်ခရီးသည်များပင်လျှင် ကမ္ဘာ့အံ့ဖွယ်တွင် ပါဝင်နေသောမြန်မာနိုင်ငံ၏ အထင်ကရဖြစ်သည့် ဤရွှေတိဂုံစေတီတော်မြတ်ကြီးအား သမိုင်း အမွေအဖြစ် လာရောက်လေ့လာ ဖူးမျှော် ကြပါတယ်။ ထိုသို့ထူးခြားမွန်မြတ်လှသော ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပတ်သက်၍ အနည်းဆုံးတော့ ကျမတို့အားလုံး သမိုင်းအကျဉ်းကို သိထားသင့်သည် မဟုတ်ပါလား။

                                                             ရွှေတိဂုံစေတီတော်မြတ်ကြီး
ဥက္ကလာပမင်းကြီးနှင့် ကုန်သည်ညီနောင်တို့သည် ဘုရား ဗျာဒိတ်တော်အရ သိင်္ဂုတ္တရ ကုန်းတော်ကို စူး စမ်း ရှာဖွေ ကြရာ မတွေ့ မရရှိနေ၍ တိုင်းသူပြည်သားများ အကူအညီဖြင့် ရှာဖွေကြပြန်သည်။ ထိုအခါလည်း မည်သူမျှ ရှာဖွေမတွေ့ ကြရပေ။ လူ့လောကတွင် ထိုကုန်းတော်ကို သိသူမရှိသဖြင့် ဥက္ကလာပမင်းကြီးသည် ခမည်းတော် သိကြားမင်းအား အကူ အညီတောင်းရလေသည်။ သိကြားမင်းသည်လည်း အသက်ငယ်သော ကြောင့် ရှေးဘုရားသုံးဆူတို့၏ တောင်ဝှေးတော် ၊ရေစစ်တော် ရေသနုပ်တော်တို့ကို ကိန်းဝပ်ရာ သိင်္ဂုတ္တရ ကုန်းတော်ကို မသိဖြစ်လေ၏။ ထို့နောက် အသက်ရှည်သော ကမ္ဘာနတ်ကြီး ၅-ပါးတို့ကို ပင့်ဖိတ်၍ မေးကြရ ၏။ ကမ္ဘာနတ်ကြီး ၅-ပါးမှာ-
၁။  အမြိတ္တရုက္ခဒေဝနတ်
၂။  ဝေဠုသုမနရုက္ခဒေဝနတ်
၃။  ဥဒုမ္ဗရရုက္ခဒေဝနတ်
၎။  ခေပသွယ်ရုက္ခဒေဝနတ်
၅။ သော်ကရုက္ခဒေဝနတ် တို့ဖြစ်ကြ၏။ ထိုငါးပါးတွင် အမြိတ္တရုက္ခဒေဝနတ်ကို ယခုအခါ မှော်ဘီနတ်ကြီး ခေါ် ကြ၏။