Monday, April 21, 2014

ဘိုးမင်းခေါင် ဂါထာ ပုပ္ပါးတောင်



အောင်ထူးဆန်း၊ မန်းသိုက်ဝင်
ထင်ကျော်သောင်း၊ ဆောင်းထီးဖြူ
လူထိပ်မိုး၊ ဟိုးဟိုးကျော်
ကျော်ဝှမ်းတက်၊ ဘက်မရှောင်
ခေါင်ဘုန်းကြီး၊ ထီးရွှေနန်း
မင်းက္ကန္ဒရာဇာ
ဧဟိ ဧဟိ။
ငါတို့ရှိရာ စီးပွားလာလော့၊
ငါတို့ရှိရာ ကြီးပွားလာလော့၊
ငါတို့ရှိရာ ပညာလာလော့၊
ငါတို့မှန်း၊ တစ်ရာ့တစ်ပါး၊
လူမျိုးရှားတို့၊ ကျော်ရန်နှိမ်နင်း၊
စောရန်ခွင်း၊ မငြင်းမဆန်
မခံမငံ့၊ လွန်ကြောက်ရွံ့သား။
တစ်စကြ၀ဠာလုံး၊ တစ်ကမ္ဘာလုံး၊ တစ်ပြည်လုံး၊
တစ်မြို့လုံး၊ တစ်ရွာလုံး၊ တစ်မိသားစုလုံး၊
လက်ရုံးတန်းကာ
(အောင်စေသောဝ် အောင်စေသောဝ် အောင်စေသောဝ်)
အောင်ချာပေါ်ထွန်း၊ အောင်ဘုန်းကျွန်းထက်
အောင်ပန္နက်ဖြင့်၊ အောင်ပန်းပန်ပြီး
အောင်စည်တီး၍၊ အောင်ချီးရန်ပ၊ အောင်ပန္နက်ချကာ
(အောင်ပါစေသေ၀် အောင်ပါစေသောဝ် အောင်ပါစေသောဝ်)
ချမ်းသာအေး၊ ဆောင်းထီးဖြူ
လူထိပ်မိုး၊ ဟိုးဟိုးကျော်
အောင်နန်းထိုက်၊ ပြိုက်ပြိုက်စိုး
ဓူဝံကြယ်၊ ကောင်းကင်ဆွတ်
ပြည့်ပြည့်စုံ၊ ချမ်းသာကြီး၊
ဟည်းဟည်းတိုက်၊ မောင်မောင်တိုး၊
အိုးစလင်း၊ တင်းတောင်းပြည့်၊
မိုးပေါ်ပျံ၊ ရှင်ထိပ်မိုး၊
ကုဋေကြွယ်၊ ၀ကုံပြည့်
ကျန်းကျန်းမာ၊ ရောဂါကင်း
ပြိုင်ဘက်ကင်း၊ အသက်ရှည်
ဟံတစ်လုံး၊ ပတ်ရှစ်လုံး
မိုးထိအောင် ပျော်လိုက်ပြီး၊
ဗုဒ္ဓေါဆောင်အောင်ပြီ ဗုဒ္ဓေါဆောင်အောင်ပြီ၊
ဗုဒ္ဓေါဆောင်အောင်ပြီ။
အောင်ဘေရီခေတ်၊ အောင်မောင်းကျော်၍
အောင်တော်မူမြဲ၊ အောင်စစ်ပွဲ အောင်မြဲဓမ္မတာ၊
အောင်အတိတ် အောင်နိမိတ်ဖြင့် အင်းဝမင်းခေါင်
သိဒ္ဓိဆောင်သည်၊ စဓဗ၀၊ ဘက်စင်ပြိုင်ကင်း
စ,မအင်းဖြင့်၊ ငါ မင်းကရား၊ လက်ပြန်တားသည်။
အောင်သိဒ္ဓိ သိဒ္ဓိ၊ မဟာသိဒ္ဓိအပေါင်း
ထောင်သောင်းမက တည်စေသတည်း
တည်စေသတည်း၊ တည်စေသတည်း။
မ,တ,ရ   မတဘဲနဲ့ရ၊
မ,တ,ဝ   မတဘဲနဲ့ဝ၊
အောင်ရမည် အရဟံ၊ အောင်ရမည် အရဟံ
အောင်ရမည် အရဟံ။
(ဇိတံမေ အောင်ပြီ)(အောင်ပြီ)  ဟေ့။

No comments:

Post a Comment