Tuesday, April 22, 2014

ပုဂံရဲ့သမိုင်းပါ သေချာဖတ်ကြည့်ကြပါ



  ဆန်ရေ စပါး ရတနာသုံးပါး ပေါများကြွယ်ဝ စည်ကားပြည့်စုံသောကြောင့် ပုဏ္ဏ ဂါမ မည်လေ၏။
အနော်ရထာ မင်း လက်ထက် တွင် ပုဏ္ဏ ဂါမ တွင်ရာမှ ဏ္ဏ အက္ခရာ ကျေကာ သဒ္ဒါနည်းအရ မ တလုံးကို ( သေးသေးတင် ) နိဂ္ဂဟိတ် ပြုကာ ပုဂံ မည်လေသည် ဟူသတတ်၊

နောက်တမျိုးကား သမုတိရာဇ် မင်းသည် ပြူလူမျိုးဖြစ်သောကြောင့် အမျိုးအနွယ် တန်ခိုး ထင်ရှားစေရန် ပြူဂါမ ဟု သမုတ်သည်၊။နောင်ကာလ ရွေ့လျားသောအခါ ပူဂါမ + ပုဂါမ + ပုဂံ ဟု ဖြစ်လာသည် ဟု သာသနဗဟုဿုတ ပကာသနီကျမ်း မှာ ဖော်ပြထားလေ၏။
အဓိပ္ပါယ်ကား ပြူလူမျိုးတို့ အဦးအစ တည်သော ရွာ ဟူလို။


အမှန်ကား မြန်မာနိုင်ငံ သာသနာအဆက်ဆက်၌
မဇ္ဈိမ ဒေသ
သီဟိုဠ်
မရမ္မရဋ္ဌ
သရေခေတ္တရာ
ပုဂံ
ပင်းယ
ရတနာပူရအင်းဝ
ညောင်ရမ်း
ကုန်းဘောင်
အမရပူရ
ရတနာပုံ မန္တလေးမြို့
ဟူ၍ ခေတ် အဆက်ဆက် ကျော်ဖြတ်ခဲ့ပေသည်၊

ပုဂံ သမိုင်း အကျဉ်း

၁။ ပထမ ပုဂံပြည်ကို သရေခေတ္တရာ ပျက်ပြီး သမုတိရာဇ်မင်းကညောင်ဦး ညောင်ဝန်း နဂါးကျစ် မြေခဲတွင်း အပါအ၀င် ရွာပေါင်း (၁၉ )ရွာကို စုစည်းပြီး ခရစ်နှစ် ၁၀၇ ခုနှစ်တွင် ပေါက္ကံပြည် ဟု ခေါ်စေခဲ့၏။

၂။ ပထမပုဂံ၏ ၆ ဆက်မြောက် သေလည်ကြောင်မင်းသည် ခရဇ်နှစ် ၃၄၄ တွင် သီရိပစ္စယာ ဟူသော ဒုတိယ ပုဂံကို တည်ထောင်ခဲ့ပြန်သည်၊

၃။ ဒုတိယပုဂံ၏ ၅ ဆက်မြောက် သိုက်တိုင်မင်းသည် ခရဇ် ၅၁၆ ခုနှစ်တွင် တမ္ဗ၀တီ ဟူသော တတိယ ပုဂံကို တည်ထောင်ခဲ့သည်၊

၎။ တတိယ ပုဂံပြီးနောက် ပျဉ်ပြားမင်းသည် ခရစ်နှစ် ၈၄၉ တွင် အနော်ရထာမင်း အပါအ၀င် ပုဂံ၏ ၂၃ ဆက်မြောက် နောက်ဆုံး မင်းဆက်ြဖစ်သော စောမွန်နစ် အဆုံး လွမ်းမောဖွယ်အဖြစ်အပျက်များပြည့်နှက်နေရာ စတုတ္ထပုဂံ မြို့တော်ကို တည်ထောင်ခဲ့သည်၊ နောက်ဆုံးမင်းဆက်အပါအ၀င် ပုဂံသမိုင်း၌ မင်းပေါင်း ၅၅ ဆက် ( ၅၇ )ဆက်တွင် အရောက်တွင် ပျက်စီးခဲ့သည် ဟု မှတ်သားရပေသည်၊

No comments:

Post a Comment