Saturday, February 8, 2014

ကမ္ဘာ့ အမြင့်ဆုံးဗုဒ္ဓရုပ်ပွားတော်များ

Buddhaကမ္ဘာ့ အမြင့် ဆုံး ရုပ်ပွားတော်ကတော့ တရုတ်နိုင်ငံမှာတည်ရှိပြီး ခရီးသွားဧည့်သည်တွေ
အမြဲတမ်းလာကြတဲ့ အမြင့် (၁၂၈ )မီတာရှိတဲ့  Vairocana ဗုဒ္ဓလို့ အမည်ရတဲ့ ရုပ်ပွားတော်ဖြစ်ပါတဃ်။ 
ရုပ်ပွားတော်ရဲ့ ( ၂၅ )မီတာမြောက်မှာ Jiuhua တောင်ကြီးရှိပြီး
ဘာသာရေးရဲ့  သင်္ကေတတစ်ခုအနေဲ့ တည်ဆောက်ထားတာ ဖြစ်ပါတဃ်။


၂။ Laykun Setkyar Statue
ဒုတိဃအမြင့်ဆုံး ရုပ်ပွားတော်ကလည်း ဗုဒ္ဓ ကို ကိုဃ်စားပြုထားတာပါပဲ ။
မြန်မာနိုင်ငံမှာတည်ရှိကာ လှပသပ္ပာဃ်စွာ တည်ရှိနေပြီး ချီးကျူးစရာကောင်းလှတဲ့ 
ဗိသုကာပညာရပ်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး (၁၁၆)မီတာမြင့် မားပါတဃ်။
ရုပ်ပွားတော်ပာာ ဒါတွေမပါနဲ့ ကြည့် ရင်တောင်မှာ လှပသပ္ပာဃ်နေပါတဃ်။
လေးကွန်းစတြာလို့ အမည်ရပြီး (၂၀၀၈)ခုနှစ်တုန်းကပဲ တည်ဆောက်တာပြီးခဲ့တာဖြစ်ပါတဃ်။
ဒီရုပ်ပွားတော်ကို ဗုဒ္ဓကိုဃုံကြည်ကိုးကွဃ်ဆည်း ကပ်နေသူတွေကနေအလေး သမှုပြုမှုနဲ့ 
တည်ဆောက်ထားတာဖြစ်ပါတဃ်။


ကျားတစ်ကောင်နှင့် လူသားတစ်ဦးတို့၏ ထူးထူးခြားခြား သံယောဇဉ်


အသက်(၃၃)နှစ်ရှိ အက်ဘ်ဒူလာသည် ကျားကြီးမူလန် ကလေးဘဝ အကောင်ပေါက်လေး အရွယ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သူ ဖြစ်သည်။

ဧရာမ ကျားကြီးတစ်ကောင်၏ နှုတ်ခမ်းကို နမ်းရှုပ်ရန် ဆိုသည်မှာ အလွန် ကြက်သီးထစရာ အခြေအနေမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း အင်ဒိုနီးရှားရှိ ရွာငယ်လေး တစ်ခုမှ အက်ဘ်ဒူလာ ရှိုလာအတွက်မူ ယင်းသည် ပြဿနာ တစ်ခုမဟုတ်ချေ။ ၎င်းသည် မူလန်အမည်ရှိ ဘင်္ဂလားကျားကြီး တစ်ကောင်နှင့် အလွန်ရင်းနှီးကျွမ်းဝင်ပြီး လုံးထွေးရစ်ပတ် ဆော့ကစားလေ့ရှိသူ ဖြစ်သည်။ သတင်းထောက်များက တောင်းဆိုသောအခါ ၎င်းက မူလန်နှင့် လိုလိုချင်ချင်ပင် နမ်းရှုပ်ကျီစယ်ပြခဲ့သည်။ အသက်(၃၃)နှစ်ရှိ အက်ဘ်ဒူလာသည် ကျားကြီးမူလန် ကလေးဘဝ အကောင်ပေါက်လေး အရွယ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သူ ဖြစ်သည်။ ယခုအခါတွင်မူ ၎င်းတို့နှစ်ဦးသည် ခွဲခြား၍ မရနိုင်လောက်အောင် နီးစပ်သည့် မိတ်ဆွေများ ဖြစ်လာကြသည်။

အရှေ့ဂျာဗားရှိ ဒီလမ်ရွာလေးတွင် နေထိုင်သည့် အက်ဘ်ဒူလာသည် ကျားကြီးနှင့် ခွဲခြား၍ မရနိုင်သဖြင့် အိပ်လျှင်ပင် အတူတူအိပ်လေ့ရှိကြောင်း ရွာခံများက ဆိုသည်။ မူလန်သည် ယခုအခါ (၂၈)စတုံ အလေးချိန်ရှိပြီး အရပ်(၁)မီတာမြင့်ကာ၊ (၃)မီတာ ရှည်လျားသော သန်မာသည့် ကျားကြီးတစ်ကောင်အဖြစ် ထွားကျိုင်းလာခဲ့ပြီ ဖြစ်သည်။ အစ္စလာမ်မစ် ကျောင်းသားတစ်ဦးဖြစ်သော အက်ဘ်ဒူလာသည် စာမေးပွဲဖြေရန် စာကျက်နေချိန်များတွင်ပင် (၆)နှစ်သား ကျားကြီးကို အနီးသို့ ခေါ်ထားလေ့ရှိသည်။

မူလန်၏ ပိုင်ရှင်အစစ်မှာ အသက်(၅၁)နှစ်ရှိ နိုအာမူဟာမက် ရှိုလာဆိုသူ ရွာမျက်နှာဖုံး တစ်ဦးဖြစ်ပြီး (၃)လသား အရွယ် ကျားငယ်လေး တစ်ကောင်ကို စောင့်ရှောက်ပေးရန် အက်ဘ်ဒူလာထံ လာရောက် အပ်နှံရာမှ ထူးခြားသော သံယောဇဉ်တစ်ခု အစပြု အမြစ်တွယ်လာခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လုံခြုံရေး စံနှုန်း သတ်မှတ်ချက်များအရ မူလန်၏ လှောင်အိမ်ထဲတွင် အက်ဘ်ဒူလာ ဝင်ရောက်သည့်အခါ သတ္တုဘားတစ်ခု တပ်ဆင်တားဆီးထားသည်။ ကြက်သား၊ သို့မဟုတ် ဆိတ်သား (၆)ကီလိုဂရမ်မျှကို တစ်နေ့လျှင် နှစ်ကြိမ်စားသောက်ကြောင်းလည်း သိရှိရသည်။

ဓမ္မတာဖြစ်စဉ် ချစ်တင်းနှောတာနဲ့ပတ်သက်ပြီး သိကောင်းစရာ


စုံတွဲတော်တော်များများဟာ ဓမ္မတာဖြစ်နေစဉ်အတော်အတွင်းမှာ ချစ်တင်းနှောခြင်းကို လုံးဝတားမြစ် ထားတတ်ကြပါတယ်။ မိန်းမတွေဟာလည်း ဓမ္မတာဖြစ်နေစဉ်အတောအတွင်းမှာ သတိထားပြီးနေတတ် ကြပါတယ်။ ချစ်တင်းနှောဖို့ကိုလည်း လုံးဝစိတ်မကူးမိကြပါဘူး။ ဒါဟာရှက်တတ်တဲ့ သဘာဝကြောင့်ပဲ ဖြစ်ပါတယ်။ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောရတာ ထူးကဲကောင်းမွန်ကောင်းကောင်းမွန်နိုင်ပါတယ်။ သိသင့်သိထိုက်တဲ့ အချက်တွေကို လေ့လာကြည့်ကြရအောင်ပါ။

၁။ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောတာ အန္တရယ်ကင်းပါသလား။
ယောကျာ်းအများစုဟာ မိန်းမတွေဓမ္မတာဖြစ်စဉ်အတွင်း ချစ်တင်းနှောရင် သူတို့ကိုတစ်နည်းနည်းနဲ့ ထိခိုက်မှာကို စိုးရိမ်တတ်ကြတယ်။ ဓမ္မတာဖြစ်စဉ်အတွင်း ချစ်တင်းနှောတာဟာ အန္တရယ်မကင်းဘူး ဆိုတာ လုံးဝမဟုတ်ဘူးဆိုတာတော့ သိထားဖို့လိုအပ်ပါတယ်။ STD လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်ရောဂါဖြစ်မှာကိုပဲ စိတ်ပူရမှာပါ။ ဓမ္မတာဖြစ်စဉ် မိန်းမတွေဟာ သွေးနဲ့အတူ၊ လမ်းကြောင်းထဲကထွက်လာတဲ့ချောဆီအရည် တွေ ထွက်နေတဲ့အတွက်ကြောင့် လိင်မှတဆင့်ကူးစက်ရောဂါဟာ ယောကျာ်းတွေဆီမှာ ဖြစ်နိုင်ခြေပိုပါတယ်။ လိင်မှတဆင့်ကူးစက်ရောဂါဟာ ဓမ္မတာဖြစ်စဉ်အချိန်မှာသာမက အချိန်မရွေးဖြစ်နိုင်ပါတယ်။ အဲ့ဒီတော့ ဓမ္မတာဖြစ်စဉ်အချိန်တွင်းမှာ ချစ်တင်းနှောဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင်တော့ ကွန်ဒုံးသုံးပြီးတော့ အကာအကွယ်ယူထားဖို့ အရေးကြီးပါတယ်။

တမင်ရည်ရွယ်၍ အနားယူနေခဲ့ခြင်း မဟုတ်ဟု ခရစ္စတန်စတီးဝပ်ဝန်ခံ



Twilightစတား မင်းသမီးက ပြီးခဲ့သည့် တစ်နှစ်လုံးလိုလို ရိုက်ကွင်းများနှင့် ကင်းကွာနေခြင်းသည် သူမနှင့် သင့်တော်သည့် ရုပ်ရှင်မျိုး ရွေးချယ်စရာ မရှိ၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ခရစ္စတန် စတီးဝပ်က သူမအနေဖြင့် (၂၀၁၃)ခုနှစ် အတွင်းက ရုပ်ရှင်လောကမှ လုံးဝဥဿုံ အနားယူနေရန် အစီအစဉ် မရှိခဲ့ဟု ဝန်ခံပြောကြားခဲ့သည်။ Twilightစတား မင်းသမီးက ပြီးခဲ့သည့် တစ်နှစ်လုံးလိုလို ရိုက်ကွင်းများနှင့် ကင်းကွာနေခြင်းသည် သူမနှင့် သင့်တော်သည့် ရုပ်ရှင်မျိုး ရွေးချယ်စရာ မရှိ၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ခရစ္စတန်သည် (၂၀၀၆)ခုနှစ် အတွင်းက ဟောလီးဝုဒ်၌ စတင်လူသိများလာပြီး ထို့နောက်ပိုင်းတွင် ဆက်တိုက် ရုပ်ရှင်များ ရိုက်ကူးကာ အလုပ်အလွန် ကြိုးစားသည့် မင်းသမီး တစ်လက်အဖြစ် နာမည်ကောင်း ရခဲ့သည်။ သို့သော်လည်း (၂၀၁၃)ခုနှစ်တွင်မူ သူမအနေဖြင့် ကားရိုက်ကြဲသွားခဲ့ပြီး ယင်းသည် အလုပ်များလွန်းသည့် အခြေအနေများကြောင့် သီးခြား အချိန်ပေး အနားယူခြင်းဟု ပရိသတ်များက ယူဆခဲ့ကြသည်။

သို့သော်လည်း ခရစ္စတန်က ယင်းအချက်ကို ပယ်ချသွားခဲ့သည်။ သူမက (၂၀၁၃)ခုနှစ်တွင် ပါဝင်သရုပ်ဆောင်သည့် ဇာတ်ကား လုံးဝ မရှိခြင်းနှင့် ပတ်သက်ပြီး "ကျွန်မအနေနဲ့ အနားယူဖို့အတွက် အချိန်အကြာကြီး စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ မနှစ်က အခြေအနေကတော့ ကြိုတင်စီစဉ်ထားတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်မက အလုပ်ကို အစွဲအလမ်း ကြီးတဲ့သူပါ။ ကျွန်မအနေနဲ့ အနားယူနေခဲ့တယ်လို့ မဆိုနိုင်ပါဘူး။ တကယ်လို့ ကျွန်မအတွက် သင့်တော်တဲ့ ဇာတ်ကားတစ်ခု ဖြစ်မယ်ဆိုရင် ခရစ္စမတ်မှာလည်း ကျွန်မ အလုပ်လုပ်နေမှာပဲ။ ဒါက ပြဿနာ မဟုတ်ပါဘူး"ဟု ရှင်းပြခဲ့သည်။


ချစ်သူများနေ့ကို အပြည့်အ၀ခံစားခွင့်ပြုပါ

ချစ်သူများနေ့လို့ ဘယ်သူ ကစပြီး သတ်မှတ်ခဲ့တယ်တော့ ကျွန်တော်မသိဘူး...
ကျွန်တော်သိတဲ့ ချစ်သူများနေ့ဆိုတာကတော့ ချစ်တယ်သူတွေတိုင်းနဲ့သက်ဆိုင်တယ်လို့တော့ ကျွန်တော် ထင်တယ်။ ပြီးတော့ ချစ်သူများနေ့မှာ ဘာလို့ချောကလက်ကျွေးရတယ်ဆိုတာသိတဲ့လူရှိရင် ဖြေပါလို့တော့
ကျွန်တော်မေးချင်ပါတယ်။ကျွန်တော့်အတွက် ချစ်သူများနေ့(2014)ကတော့ ဒီလိုနဲ့ပဲပြီးသွားမှာပါ... တွေ့ချင်တိုင်းတွေ့ခွင့်မရတဲ့ ဘ၀မို့ပါ ချစ်သူလေးကိုတော့ ချောကလက်တော့ဝယ်ကျွေးဖြစ်အောင် ကျွေးရမယ် ဒီစိတ်ကူးတော့ရှိတယ်၊
ကျွန်တော်အပျော်ဆုံး ဖြတ်သန်းခဲ့ရတဲ့ ချစ်သူများနေ့ကတော့ရှိလည်းမရှိခဲ့ပါဘူး၊ ယခု2014မှာတော့ အမှတ်တရများနဲ့ ပျော်ပျော်ရွှင်ရွှင် ချစ်သူများနေ့ရဲ့ပျော်ရွှင်စရာနေ့လေးဖြစ်ချင်ပါတယ်၊ အရမ်းချစ်တယ်လို့ပြောပြီး အမှတ်တရတွေအရမ်းပေးခဲ့တဲ့ ချစ်သူတစ်ယောက်နဲ့ ဆုံခဲ့တဲ့နှစ်ပေါ့
အခုဆို မိန်းကလေး တွေအရမ်းချစ်တယ်လို့ပြောရင် ကျွန်တော်ကြောက်နေပါပြီ
ကျွန်တော်အရမ်းမျှော်လင့်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်၊ ကျွန်တော့်ကိုအရမ်းချစ်တယ်လို့ပြောခဲ့တဲ့ မိန်းကလေး က အခုတော့တစ်ခြားသူရဲ့ ရင်ခွင်မှာ ပျော်နေလောက်ပြီပေါ့၊  ချစ်သူများနေ့ဆိုတာအရင်ကကိုယ်နဲ့မပတ်သတ်သလိုနေခဲ့တယ်၊ ချစ်သူရလာတော့လည်း ချစ်သူများနေ့ကိုအပြည့်အ၀ခံစားချင်တယ်၊ ဒါပေမယ့် ချစ်သူများနေ့ဆိုတာဘာလဲလို့ပြန်မေးရတော့မယ်၊ ကျွန်တော့်ဘ၀က တွေ့ခွင့်မှမရတာ၊ သူငယ်ချင်းများလည်း ကိုယ်သိပ်ချစ်ရတဲ့သူနဲ့အတူ ချစ်သူများနေ့မှာအတူပျော်ရွှင်ကြပါစေလို့၊
ကျွန်တော့်သူငယ်ချင်းတွေလဲ မိန်းကလေးတစ်ယောက်ကို ချစ်မိခဲ့တယ်ဆိုရင် အရမ်းမမျှော်လင့်ကြပါနဲ့
ကိုယ်ချင်းစာလို့ပါ
လူသားတိုင်းကျန်မာပျော်ရွင်ပြီး၊ ချစ်တဲ့သူတိုင်းပေါင်းရပါစေ၊ မျှော်လင့်ထားတဲ့အတိုင်းဖြစ်ကြပါစေ

သူငယ်ချင်း သိစေ

သူငယ်ချင်း
ငါတို့ ငယ်ငယ်
ဆယ်တန်းနယ်က
အတူလက်တွဲ
ဘုရားပွဲစုံ
နွှဲဖူးကုန်၏ .......။
သူငယ်ချင်း
အပျော်တမ်းဆော့
ဖဲချပ်ပျော့နှင့်
မိုးလင်းအကုန်
နွှဲဖူးကြုံ၏.......။
သူငယ်ချင်း
မင်းနေထိုင်ရာ
ထိုကျောင်းမှာကား
အတူချက်ပြုတ်
စားကြကုန်၏
ထိုစဉ်အပျော်
မလဲသော်ပြောင်း
နွှဲဖူးကောင်း၏ ....။
သူငယ်ချင်း
မရှိအတူ
ရှိအတူနှင့်
သူငယ်ချင်းရှား
မိတ်ဆွေထားဖြစ်
ရင်မှာထိသည်
နယ်ပြောင်းအဝေး
သွားကုန်၏ ...။

နွမ်းသည့်တိုင်

ပန်းခရေ

အလွမ်းတွေ ပွေ့ပိုက်လို့
ကြွေခိုက် လေအတိုက်မှာ
မွှေးသင်းထုံခိုက်
ကြွင်းကျန်သူ ရနံ့ရှူရှိုက်ကာ
လိုက်ပါလိုမျော ...။


ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေး ကဗျာ

ငါ့အား.......
ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ ၊
ယင်းမှောင်မိုက် အတွင်းမှနေပြီး အနိုင်မခံ ၊
အရှုံးမပေးလိုသော ငါ့စိတ်ကို
ဖန်ဆင်းပေးသူ နတ် ၊ သိကြားတို.အား
ငါသည် ကျေးဇူးစကားဆိုပါ၏။


လောကဓံတရား၏ လက်ခုပ်တွင်းသို.
ဘယ်လိုပင်ကျရောက်စေကာမူ
ငါကား မတုန်လှုပ် ၊ မငိုကြွေး
ကံတရား၏ ၊ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည်
သွေးသံတို.ဖြင့် ရဲရဲနီနေ၏
သို.သော် ညွှတ်ကား ၊ မညွှတ် ။


လောဘ ၊ ဒေါသ တို.၏
ကြီးစိုးရာ ဌာန၏  အခြားမဲ့ကား
သေခြင်းတရားသည်
ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏ ။
သို.ပင်မူ  ငါ့အား
မတုန်မလှုပ်သည်ကိုသာ တွေ.ရအံ့
နောင်ကိုလည်း ဘယ်တော့မှ
မကြောက်သည်ကို တွေ.ရပေအံ့ ။

ဟုတ်ပ

Huawei phoneဈေး 2.8.2014

Huawei
G730 black 152000
G700 White 210000
G610s black 135000
Y310 65000
U8818 90000
U8652 70000
8818 70000
Y300 90000
G330 8825D 105000

Friday, February 7, 2014

အရမ်းချစ်တယ်................... ************.`• .¸.•´(¯`♥´¯)..မောင်..............


♥ ♥ ♥ မောင်♥ ♥ ♥

မေသိပါတယ်

မောင် မေ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ

♥ ♥ ♥ မောင်♥ ♥ ♥

မောင်လဲ သိပေးပါနော်

မေ မောင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ

မောင်ရယ် ♥ ♥ ♥

မေ့ရင်ထဲမှာ

မောင်ဆိုတာ ဘယ်တော့်မှ

နောက်တစ်ယောက် မထည့်နိုင်လောက်အောင်ကို

မောင့်အတွက် နေရာ အပြည့်ပါမောင်

မောင့်ကို ချစ်တဲ့အချစ်ကို

မေ ဘယ်တော့်မှ မလျှော့သွားပါဘူးမောင်ရယ်

မောင်နားလည်ထားပေးပါနော်

မောင်သာ မေ့ဘ၀ပါမောင်


(¯`♥´¯)...မြန်မာလိုပဲ....
.`•.¸.•´(¯`♥´¯) ..ရိုးရိုးရှင်းရှင်းလေးပြောမယ်နော်
******.`•.¸.•´( ¯`♥´¯).. အရမ်းချစ်တယ်...................
************.`• .¸.•´(¯`♥´¯)..မောင်..............
*************** ***.`•.¸.:*…

နင့်ဂရုစိုက်မှုတွေသာ ငါ့တစ်ယောက်ထဲအတွက် ဖြစ်နေရင် ငါ ကျေနပ်ပါတယ်

ချစ်သူ.......နင် ငါ့ဘ၀လေးထဲမှာရှိနေမယ်ဆို
ဘာမှမလိုအပ်ပါဘူး.......နင့် အချစ်တွေအားလုံးကိုသာ
ပိုင်ဆိုင်ရတဲ့သူ ငါတစ်ယောက်တည်း  ဖြစ်ချင်ပါတယ်

ချစ်သူ..... နင် ငါ့ကို အမြဲတမ်းချစ်နေပေးမယ်ဆို
ဘာမှမမျှော်လင့်ပါဘူး..... နင်လဲ ငါ့အချစ်တွေနဲ့ အမြဲထာဝရ
ပျော်ရွင်နေပါစေလို့ ပဲ ဆုတောင်းပါတယ်

ချစ်သူ..... နင် ငါ့ရဲ့ လက်ကိုတွဲထားမယ်ဆို
ငါ ဘာမှ မလိုချင်ပါဘူး.........နင့်ဂရုစိုက်မှုတွေသာ
ငါ့တစ်ယောက်ထဲအတွက် ဖြစ်နေရင် ငါ ကျေနပ်ပါတယ်

ချစ်သူ....နင်နဲ့ ဘ၀တစ်ခုကို တည်ဆောက်တော့မယ်ဆို
ဘာမှထပ်မလိုချင်တော့ပါဘူး....နင့် အချစ်တွေသာ ငါ့အပေါ်
အမြဲတမ်းသစ္စာရှိနေဖို့ အတွက်ပဲ ငါ မျှော်လင့်တာပါ
ချစ်သူရယ်.................

အခုလိုချိန်လေးမှာ ကဗျာ

အခုလိုချိန်လေးမှာ နင့်လက်လေးကိုတွဲပီး အတူတူ
လျှောက်လည်ခွင့်လေးသာရနိုင်မယ်ဆိုရင် ငါအရမ်းပျော်
နေမိမှာ သိလား ချစ်သူ

အခုတော့ ပျော်နေကြတဲ့ ချစ်သူစုံတွဲလေးတွေကို
ငေးကြည့်နေရင်းနဲ့ တစ်နေ့ ငါတို့လဲ အတူတူရှိနေခွင့်
ရပါစေဆိုတဲ့ဆုတောင်းလေးနဲ့ပဲ  နင့်ကို ငါ အရမ်းလွမ်း
နေမိတယ် ချစ်သူရယ်

ဟိုးအဝေးကြီးမှာငါသိပ်ချစ်ရတဲ့ နင်လဲ ငါ့ကို 
သတိရတဲ့ စိတ်တွေနဲ့အတူ တမ်းတနေမိမယ်လို့လဲ
ငါ မျှော်လင့်နေပါတယ် ချစ်သူ  

ဒါပေမဲ့ အားတင်းထားပါတယ်…ချစ်သူရယ်
တစ်နေ့ ပျော်ရွှင်မှုလေးတွေကို  ငါတို့နှစ်ယောက်အတူတူ ခံစားခွင့် ရမယ်ဆိုတဲ့အတွေးလေးတွေနဲ့ပေါ့

I Miss U So Much My <3  :'(  :'( :'(


Khin Myo Aye [ Poem ]
အခုလိုချိန်လေးမှာ နင့်လက်လေးကိုတွဲပီး အတူတူ
လျှောက်လည်ခွင့်လေးသာရနိုင်မယ်ဆ
ိုရင် ငါအရမ်းပျော်
နေမိမှာ သိလား ချစ်သူ

အခုတော့ ပျော်နေကြတဲ့ ချစ်သူစုံတွဲလေးတွေကို
ငေးကြည့်နေရင်းနဲ့ တစ်နေ့ ငါတို့လဲ အတူတူရှိနေခွင့်
ရပါစေဆိုတဲ့ဆုတောင်းလေးနဲ့ပဲ နင့်ကို ငါ အရမ်းလွမ်း
နေမိတယ် ချစ်သူရယ်

ဟိုးအဝေးကြီးမှာငါသိပ်ချစ်ရတဲ့ နင်လဲ ငါ့ကို
သတိရတဲ့ စိတ်တွေနဲ့အတူ တမ်းတနေမိမယ်လို့လဲ
ငါ မျှော်လင့်နေပါတယ် ချစ်သူ

ဒါပေမဲ့ အားတင်းထားပါတယ်…ချစ်သူရယ်
တစ်နေ့ ပျော်ရွှင်မှုလေးတွေကို ငါတို့နှစ်ယောက်အတူတူ ခံစားခွင့် ရမယ်ဆိုတဲ့အတွေးလေးတွေနဲ့ပေါ့

Thursday, February 6, 2014

ချစ်သူများနေ့ချောင်းသာခရီးစဉ်

*2014ခုနှစ် မှာယခုရောက်၇ှိတော့မည့်ပျော်၇ွင်ဖွယ်Valentine day ကို ထူးထူး ခြားခြား၊ ပျော်ပျော်ရွှင်ရွှင် ရင်ခုန်ရအောင် G.A.E Travels & tours မှ ချစ်သူစုံတွဲမျုားအတွက်အထုးချောင်းသာခရီးစဉ်ကိုစီစဉ်ထားပါတယ်…
*ဒီချစ်သူများနေ့ချောင်းသာခရီးစဉ်မှာတော့ထူးထူးခြားခြားလေးအဖြစ်ချစ်သူစုံတွဲများအတွက်သာစီစဉ်ထားတဲ့ခရီးစဉ်လေးဖြစ်ပါတယ်.
*Air-con Expressကားကြီးဖြင်င့်္ ခရီးစထွက်ချိန်မှစပြီးခရီးစဉ်တစ်လျောက်ပျော်ရွှင်ဖွယ်အစီစဉ်းများဖြင့်မပျင်း၇ိရအောင်အစီအစဉ်ပေါင်းများစွာဖြင်ံ့စီစဉ်ပေးထားခြင်းဖြစ်ပါတယ်…
*ပျော်ရွင်ဖွယ် ထူးထူးခြားခြား valentine game အစီအစဉ်များနှင့်အတူ Romantic Gift များ၊အထူးဆုအဖြစ် စုံတွဲလက်စွပ် (couple ring) များကို
ပေ:အပ်မှာဖြစ်ပါတယ်…
*ကဲချစ်သူလေးနဲုပျော်ရွင်ဖို့ G.A.E နှင့်အတူသွားကြစို့။
Address : အမှတ် (၂၅၆)၊အခန်6းB၊ရန်ကုန်-အင်းစိန်လမ်းမ၊န၀ရတ်ဟိုတယ်ရှေ့ မီးပ္ပိုင့်ထောင့် ၊လိုင်မြို့နယ်။
Phone: 0943023415,09428020415
EMAIL : goldenart@myanmar.com.mm , salegae@myanmar.com.mm

Golden Art မှ ရန်ကုန် – ကျိုက်ထီးရိုး

74066_1448043812078395_1561513745_n

- ရန်ကုန် – ကျိုက်ထီးရိုး (နေ့စဉ်)(ဟိုတည်+ကားခ) (၃၅၀၀၀ကျပ်)
- ရန်ကုန် – မန္တလေး – ပြင်ဦးလွင် (၃ညအိပ် ၄ရက်)(၃၁.၁.၂၀၁၄)(၄၅၀၀၀ကျပ်)(စရိတ်ငြိမ်း)
- ရန်ကုန် – ပုပ္ပါး – ပုဂံ – စွယ်တော်လေးဆူ (၃ညအိပ်၎ရက်)(၇.၂.၂၀၁၄)(၄၅၀၀၀ကျပ်)(စရိတ်ငြိမ်း)
- ရန်ကုန် – တောင်ကြီး – အင်းလေး – ပင်းတယ (၃ညအိပ်၎ရက်)(၂၁.၂.၂၀၁၄)(၅၅၀၀၀ကျပ်)(စရိတ်ငြိမ်း)
- ရန်ကုန် -မန္တလေး- မုံရွာ – အလောင်းတော်ကဿပ (၃ညအိပ်၎ရက်)(၂၈.၂.၂၀၁၄)(၄၅၀၀၀ကျပ်)(စရိတ်ငြိမ်း)
- ရန်ကုန် – ပြည် – ထုံးဘို-အကောက်တောင် (နေ့ချင်းပြန်)(၂၅၀၀၀ကျပ်)(စရိတ်ငြိမ်း)
- ရန်ကုန် – နေပြည်တော် (နေ့ချင်းပြန်)(၂၅၀၀၀ကျပ်)(စရိတ်ငြိမ်း)
- ရန်ကုန် – ချောင်းသာ (၁၄.၂.၂၀၁၄)(ချစ်သူများနေ့အထူး)(၅၅၀၀၀ကျပ်) (စရိတ်ငြိမ်း)- ရန်ကုန် – ငွေဆောင် (နေ့စဉ်)
- ရန်ကုန် – ကျိုက်ထီးရိုး (နေ့စဉ်)(ဟိုတည်+ကားခ) (၃၅၀၀၀ကျပ်)
- ရန်ကုန် – ဇလွန် (နေ့ချင်းပြန်) (နေ့စဉ်) (စရိတ်ငြိမ်း) (၂၅၀၀၀ကျပ်)
ဆက်သွယ်နိုင်ပါသည်
Address : အမှတ် (၂၅၆)၊အခန်6းB၊ရန်ကုန်-အင်းစိန်လမ်းမ၊န၀ရတ်ဟိုတယ်ရှေ့ မီးပ္ပိုင့်ထောင့် ၊လိုင်မြို့နယ်။
Phone: 0943023415,09428020415
EMAIL : goldenart@myanmar.com.mm , salegae@myanmar.com.mm

Golden Art မှ သင်္ကြန်တွင်းပြည်ပခရီးစဉ်

ဗန်ကောက်-အယုဒ္ဓယ-ဖူးခက် (၁၂.၄.၂၀၁၄ – ၁၈.၄.၂၀၁၄)
(၆ညအိပ်/၇ ရက်)
Day 1 ( ရန်ကုန် – ဗန်ကောက်)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ (MAI) လေကြောင်းလိုင်းဖြင့် စတင်ထွက်ခွာပြီး ဗန်ကောက်မြို့ရှိ
သုဝဏ္ဏဘူမိလေဆိပ်သို့ရောက်ရှိပါမည်။ထို့နောက်အယုဒ္ဓယမြို့ရှိရှေးဘုရင်များတည်ထားကိုးကွယ်ခဲ့သော
ရှေးဟောင်းစေတီပုထိုးများဖြစ်သည့် Wat Maharthat,Wat Prasrisanphet,Wat Mongkon
Borpit,Bang Pa In Palace (ဘုရင့်နွေရာသီစံနန်းတော်)တို့ကိုသွားရောက်လည်ပတ်ဖူးမျှော်ပါ
မည်။ ၎င်းညကိုဗန်ကောက်ရှိ ဟိုတယ်တွင်ညအိပ်အနားယူပါမည်။
Day 2 ( ဗန်ကောက်)
နံနက်စာကိုသုံးဆောင်ပြီးနောက် Wat Po (လျောင်းတော်မူဘုရား)၊ Grand Palace (ဘုရင့်နန်း
တော်)၊Emerald Buddha(မြဘုရား)တို့ကိုသွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် နေ့လည်စာကိုသုံး
ဆောင်ပြီး China Town သို့ဈေးဝယ်ထွက်ပါမည်။ ညနေပိုင်းတွင် Madame Tussadus(ဖယောင်း
ပြတိုက်) သို့ပို့ဆောင်ပေးပြီး ညစာကိုသုံးဆောင်ပါမည်။ ၎င်းညကို ဗန်ကောက်ရှိ ဟိုတယ်တွင် ညအိပ်
အနားယူပါမည်။
Day 3 ( ဗန်ကောက် – ဖူးခက် )
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး 4 Face Buddha (လေးမျက်နှာဘုရား)နှင့်လူကြီး၊ လူငယ်
မရွေးပျော်ရွှင်စွာလည်ပတ်ဆော့ကစားနိုင်မည့် Dream World သို့ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို
Dream World ရှိစားသောက်ဆိုင်တွင် Buffet သုံးဆောင်ပြီးနာမည်ကျော်ဖူးခက်ကမ်းခြေသို့ VIP
Night Bus ဖြင့်ဆက်လက်ထွက်ခွာပါမည်။ ၎င်းညကို ကားပေါ်တွင်ညအိပ်အနားယူပါမည်။
Day 4 ( ဖူးခက် )
နံနက်ပိုင်းတွင် ဖူးခက်ကမ်းခြေ သို့ရောက်ရှိပြီး နံနက်စာကိုသုံးဆောင်ပါမည်။ ထို့နောက် Escort Boat
ဖြင့် Phang Nga Bay သို့သွားရောက်ပါမည်။ Canoe လှေကလေးများဖြင့် ကျောက်လှိုဏ်ဂူအတွင်းရှိ
ကျောက်စက်ပန်းဆွဲများတည်ရှိရာPanak နှင့်Hong Islandသို့သွားရောက်လေ့လာလည်ပတ်ပါမည်။
ထို့နောက် နေ့လည်စာကို Escort Boat ပေါ်တွင် Buffet သုံးဆောင်ပြီးJames Bond Island &
Lawa Island သို့သွားရောက် လည်ပတ်ပါမည်။ ထို့နောက် ဖူးခက်ကမ်းခြေရှိ HOTEL တွင်ညအိပ်
အနားယူပါမည်။
Day 5 (ဖူးခက်)
နံနက်စာကိုဟိုတယ်တွင်သုံးဆောင်ပြီးSpeed-Boatများဖြင့်Phi Phi Islandသို့သွားရောက်လည်ပတ်
ပါမည်။၎င်းခရီးစဉ်တွင် အလွန်လှပသောကျောက်ဆောင်များရှိရာNui Bay၊ငှက်သိုက်များရှိရာViking
Cave၊မြရောင်ကဲ့သို့ကြည်လင်ရှင်းသန့်သောPileh Lagoon နှင့်Loh Samah Bayတွင်ရေကူးခြင်း၊
ရေအောက်သို့လေ့လာခြင်းများပြုလုပ်ပါမည်။ ထို့နောက် Monkey Beach သို့သွားရောက်ပါမည်။
နေ့လည်စာကိုPhi Phi Don တွင် Buffet သုံးဆောင်ပြီးနောက်ဆုံးကျွန်းတစ်ကျွန်းဖြစ်သည့်Bam
-boo Islandသို့သွားရောက်ပါမည်။ ၎င်းညကို ဖူးခက်ကမ်းခြေရှိ HOTEL တွင်ညအိပ်အနားယူပါမည်။
Day 6 (ဖူးခက် – ဘန်ကောက်)
နံနက်စာကိုဟိုတယ်တွင်သုံးဆောင်ပြီး ဖူးခက်လေဆိပ်မှ Air Asia Airways ဖြင့်ဗန်ကောက်သို့ပြန်လည်
ထွက်ခွာပါမည်။ ထို့နောက် ဗန်ကောက်မြို့ရှိ MBK Shopping Mall နှင့် Pratunam Area ရှိ
Shopping Center များသို့ဈေးဝယ်ထွက်ပါမည်။ ၎င်းညကို ဗန်ကောက်ရှိဟိုတယ်တွင်ညအိပ်အနား
ယူပါမည်။
Day 7 ( ဘန်ကောက် – ရန်ကုန်)
နံနက်စာကို သုံးဆောင်အပြီးတွင် ဗန်ကောက်ရှိ သုဝဏ္ဏဘူမိလေဆိပ်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါ
မည်။ ထို့နောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိပြီး ပျော်ရွှင်ဖွယ်ခရီးစဉ်လေး
ပြီးဆုံးမည်ဖြစ်ပါသည်။
Address : အမှတ် (၂၅၆)၊အခန်6းB၊ရန်ကုန်-အင်းစိန်လမ်းမ၊န၀ရတ်ဟိုတယ်ရှေ့ မီးပ္ပိုင့်ထောင့် ၊လိုင်မြို့နယ်။
Phone: 0943023415,09428020415
EMAIL : goldenart@myanmar.com.mm , salegae@myanmar.com.mm

Saturday, February 1, 2014

ဘယ်လိုကိစ္စပဲရှိရှိ golden art enterpriseသာအရောက်လာခဲ့ပါ

golden art enterprise ကုမ္မဏီမှာ လူကြီးမင်းများအားလုံးအတွက် မည်သည့်အလုပ်မျိုးကိုမဆို အားလုံးအဆင်ပြေစွာ ဆောင်ရွက်ပေးနေပါသည်၊ ခရီးသွားလုပ်ငန်း ပြည်တွင်း၊ ပြည်ပ၊ မည့်သည့်နိုင်ငံမဆို သွားရောက်ချင်တယ်ဆိုရင် လူကြီးမင်းများရဲ့ကိစ္စများကိုအဆင်ပြေစွာဆောင်ရွက်ပေးနေပါသည်၊ ယုံကြည်စိတ်ချစွာဖြင့် လာရောက်နိုင်ပါသည်၊ ကျွန်တော်တို့golden art enterpriseမှ နွေးထွေးစွာဖြင့် လူကြီးမင်းများအား ကြိုဆိုလျက်ပါ အသေးစိတ်ကိုတော့ နောက်ထက်မံဖော်ပြသွားပါဦးမည်။ မူရင်းဘလော့ကိုဝင်ကြည့်မည်ဆိုရင်goldenartenterprise Pageအားကြည့်ရန်နှိပ်ပါ ၀င်ရောက်ကြည့်ရူလေ့လာနိုင်ပါသည် ဆက်သွယ်နိုင်ပါသည်၊ စီးပွားရေးလုပ်ငန်းအမျိုးမျိုးချိတ်ဆက်လုပ်ကိုင်နေတဲ့ ပြည်တွင်း၊ပြည်ပ ကုမ္မဏီဖြစ်တဲ့အတွက်၊ GAE သည် လုပ်ငန်းမျိုးစုံကိုလုပ်ကိုင်လှ
ျက်ရှိပါသည်။ စိတ်ဝင်စားလို့ရှိရင် ခရီးသွားလိုလျင် ဘလော့အားတိုက်ရိုက်ဆက်သွယ်နိုင်သည် တို့မဟုတ်၊ pageထဲဝင်ပြီးဆက်သွယ်နိုင်ပါသည်၊ အီးမေးနဲ့ဆိုရင်ဖြင့် kplusblogger@gmail.comတို့ဆက်သွယ်မေးမြန်းနိုင်ပါသည်