Thursday, February 6, 2014

Golden Art မှ သင်္ကြန်တွင်းပြည်ပခရီးစဉ်

ဗန်ကောက်-အယုဒ္ဓယ-ဖူးခက် (၁၂.၄.၂၀၁၄ – ၁၈.၄.၂၀၁၄)
(၆ညအိပ်/၇ ရက်)
Day 1 ( ရန်ကုန် – ဗန်ကောက်)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ (MAI) လေကြောင်းလိုင်းဖြင့် စတင်ထွက်ခွာပြီး ဗန်ကောက်မြို့ရှိ
သုဝဏ္ဏဘူမိလေဆိပ်သို့ရောက်ရှိပါမည်။ထို့နောက်အယုဒ္ဓယမြို့ရှိရှေးဘုရင်များတည်ထားကိုးကွယ်ခဲ့သော
ရှေးဟောင်းစေတီပုထိုးများဖြစ်သည့် Wat Maharthat,Wat Prasrisanphet,Wat Mongkon
Borpit,Bang Pa In Palace (ဘုရင့်နွေရာသီစံနန်းတော်)တို့ကိုသွားရောက်လည်ပတ်ဖူးမျှော်ပါ
မည်။ ၎င်းညကိုဗန်ကောက်ရှိ ဟိုတယ်တွင်ညအိပ်အနားယူပါမည်။
Day 2 ( ဗန်ကောက်)
နံနက်စာကိုသုံးဆောင်ပြီးနောက် Wat Po (လျောင်းတော်မူဘုရား)၊ Grand Palace (ဘုရင့်နန်း
တော်)၊Emerald Buddha(မြဘုရား)တို့ကိုသွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် နေ့လည်စာကိုသုံး
ဆောင်ပြီး China Town သို့ဈေးဝယ်ထွက်ပါမည်။ ညနေပိုင်းတွင် Madame Tussadus(ဖယောင်း
ပြတိုက်) သို့ပို့ဆောင်ပေးပြီး ညစာကိုသုံးဆောင်ပါမည်။ ၎င်းညကို ဗန်ကောက်ရှိ ဟိုတယ်တွင် ညအိပ်
အနားယူပါမည်။
Day 3 ( ဗန်ကောက် – ဖူးခက် )
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး 4 Face Buddha (လေးမျက်နှာဘုရား)နှင့်လူကြီး၊ လူငယ်
မရွေးပျော်ရွှင်စွာလည်ပတ်ဆော့ကစားနိုင်မည့် Dream World သို့ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို
Dream World ရှိစားသောက်ဆိုင်တွင် Buffet သုံးဆောင်ပြီးနာမည်ကျော်ဖူးခက်ကမ်းခြေသို့ VIP
Night Bus ဖြင့်ဆက်လက်ထွက်ခွာပါမည်။ ၎င်းညကို ကားပေါ်တွင်ညအိပ်အနားယူပါမည်။
Day 4 ( ဖူးခက် )
နံနက်ပိုင်းတွင် ဖူးခက်ကမ်းခြေ သို့ရောက်ရှိပြီး နံနက်စာကိုသုံးဆောင်ပါမည်။ ထို့နောက် Escort Boat
ဖြင့် Phang Nga Bay သို့သွားရောက်ပါမည်။ Canoe လှေကလေးများဖြင့် ကျောက်လှိုဏ်ဂူအတွင်းရှိ
ကျောက်စက်ပန်းဆွဲများတည်ရှိရာPanak နှင့်Hong Islandသို့သွားရောက်လေ့လာလည်ပတ်ပါမည်။
ထို့နောက် နေ့လည်စာကို Escort Boat ပေါ်တွင် Buffet သုံးဆောင်ပြီးJames Bond Island &
Lawa Island သို့သွားရောက် လည်ပတ်ပါမည်။ ထို့နောက် ဖူးခက်ကမ်းခြေရှိ HOTEL တွင်ညအိပ်
အနားယူပါမည်။
Day 5 (ဖူးခက်)
နံနက်စာကိုဟိုတယ်တွင်သုံးဆောင်ပြီးSpeed-Boatများဖြင့်Phi Phi Islandသို့သွားရောက်လည်ပတ်
ပါမည်။၎င်းခရီးစဉ်တွင် အလွန်လှပသောကျောက်ဆောင်များရှိရာNui Bay၊ငှက်သိုက်များရှိရာViking
Cave၊မြရောင်ကဲ့သို့ကြည်လင်ရှင်းသန့်သောPileh Lagoon နှင့်Loh Samah Bayတွင်ရေကူးခြင်း၊
ရေအောက်သို့လေ့လာခြင်းများပြုလုပ်ပါမည်။ ထို့နောက် Monkey Beach သို့သွားရောက်ပါမည်။
နေ့လည်စာကိုPhi Phi Don တွင် Buffet သုံးဆောင်ပြီးနောက်ဆုံးကျွန်းတစ်ကျွန်းဖြစ်သည့်Bam
-boo Islandသို့သွားရောက်ပါမည်။ ၎င်းညကို ဖူးခက်ကမ်းခြေရှိ HOTEL တွင်ညအိပ်အနားယူပါမည်။
Day 6 (ဖူးခက် – ဘန်ကောက်)
နံနက်စာကိုဟိုတယ်တွင်သုံးဆောင်ပြီး ဖူးခက်လေဆိပ်မှ Air Asia Airways ဖြင့်ဗန်ကောက်သို့ပြန်လည်
ထွက်ခွာပါမည်။ ထို့နောက် ဗန်ကောက်မြို့ရှိ MBK Shopping Mall နှင့် Pratunam Area ရှိ
Shopping Center များသို့ဈေးဝယ်ထွက်ပါမည်။ ၎င်းညကို ဗန်ကောက်ရှိဟိုတယ်တွင်ညအိပ်အနား
ယူပါမည်။
Day 7 ( ဘန်ကောက် – ရန်ကုန်)
နံနက်စာကို သုံးဆောင်အပြီးတွင် ဗန်ကောက်ရှိ သုဝဏ္ဏဘူမိလေဆိပ်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါ
မည်။ ထို့နောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိပြီး ပျော်ရွှင်ဖွယ်ခရီးစဉ်လေး
ပြီးဆုံးမည်ဖြစ်ပါသည်။
Address : အမှတ် (၂၅၆)၊အခန်6းB၊ရန်ကုန်-အင်းစိန်လမ်းမ၊န၀ရတ်ဟိုတယ်ရှေ့ မီးပ္ပိုင့်ထောင့် ၊လိုင်မြို့နယ်။
Phone: 0943023415,09428020415
EMAIL : goldenart@myanmar.com.mm , salegae@myanmar.com.mm

No comments:

Post a Comment