Saturday, February 8, 2014

သူငယ်ချင်း သိစေ

သူငယ်ချင်း
ငါတို့ ငယ်ငယ်
ဆယ်တန်းနယ်က
အတူလက်တွဲ
ဘုရားပွဲစုံ
နွှဲဖူးကုန်၏ .......။
သူငယ်ချင်း
အပျော်တမ်းဆော့
ဖဲချပ်ပျော့နှင့်
မိုးလင်းအကုန်
နွှဲဖူးကြုံ၏.......။
သူငယ်ချင်း
မင်းနေထိုင်ရာ
ထိုကျောင်းမှာကား
အတူချက်ပြုတ်
စားကြကုန်၏
ထိုစဉ်အပျော်
မလဲသော်ပြောင်း
နွှဲဖူးကောင်း၏ ....။
သူငယ်ချင်း
မရှိအတူ
ရှိအတူနှင့်
သူငယ်ချင်းရှား
မိတ်ဆွေထားဖြစ်
ရင်မှာထိသည်
နယ်ပြောင်းအဝေး
သွားကုန်၏ ...။

No comments:

Post a Comment