Saturday, February 8, 2014

ချစ်သူများနေ့ကို အပြည့်အ၀ခံစားခွင့်ပြုပါ

ချစ်သူများနေ့လို့ ဘယ်သူ ကစပြီး သတ်မှတ်ခဲ့တယ်တော့ ကျွန်တော်မသိဘူး...
ကျွန်တော်သိတဲ့ ချစ်သူများနေ့ဆိုတာကတော့ ချစ်တယ်သူတွေတိုင်းနဲ့သက်ဆိုင်တယ်လို့တော့ ကျွန်တော် ထင်တယ်။ ပြီးတော့ ချစ်သူများနေ့မှာ ဘာလို့ချောကလက်ကျွေးရတယ်ဆိုတာသိတဲ့လူရှိရင် ဖြေပါလို့တော့
ကျွန်တော်မေးချင်ပါတယ်။ကျွန်တော့်အတွက် ချစ်သူများနေ့(2014)ကတော့ ဒီလိုနဲ့ပဲပြီးသွားမှာပါ... တွေ့ချင်တိုင်းတွေ့ခွင့်မရတဲ့ ဘ၀မို့ပါ ချစ်သူလေးကိုတော့ ချောကလက်တော့ဝယ်ကျွေးဖြစ်အောင် ကျွေးရမယ် ဒီစိတ်ကူးတော့ရှိတယ်၊
ကျွန်တော်အပျော်ဆုံး ဖြတ်သန်းခဲ့ရတဲ့ ချစ်သူများနေ့ကတော့ရှိလည်းမရှိခဲ့ပါဘူး၊ ယခု2014မှာတော့ အမှတ်တရများနဲ့ ပျော်ပျော်ရွှင်ရွှင် ချစ်သူများနေ့ရဲ့ပျော်ရွှင်စရာနေ့လေးဖြစ်ချင်ပါတယ်၊ အရမ်းချစ်တယ်လို့ပြောပြီး အမှတ်တရတွေအရမ်းပေးခဲ့တဲ့ ချစ်သူတစ်ယောက်နဲ့ ဆုံခဲ့တဲ့နှစ်ပေါ့
အခုဆို မိန်းကလေး တွေအရမ်းချစ်တယ်လို့ပြောရင် ကျွန်တော်ကြောက်နေပါပြီ
ကျွန်တော်အရမ်းမျှော်လင့်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်၊ ကျွန်တော့်ကိုအရမ်းချစ်တယ်လို့ပြောခဲ့တဲ့ မိန်းကလေး က အခုတော့တစ်ခြားသူရဲ့ ရင်ခွင်မှာ ပျော်နေလောက်ပြီပေါ့၊  ချစ်သူများနေ့ဆိုတာအရင်ကကိုယ်နဲ့မပတ်သတ်သလိုနေခဲ့တယ်၊ ချစ်သူရလာတော့လည်း ချစ်သူများနေ့ကိုအပြည့်အ၀ခံစားချင်တယ်၊ ဒါပေမယ့် ချစ်သူများနေ့ဆိုတာဘာလဲလို့ပြန်မေးရတော့မယ်၊ ကျွန်တော့်ဘ၀က တွေ့ခွင့်မှမရတာ၊ သူငယ်ချင်းများလည်း ကိုယ်သိပ်ချစ်ရတဲ့သူနဲ့အတူ ချစ်သူများနေ့မှာအတူပျော်ရွှင်ကြပါစေလို့၊
ကျွန်တော့်သူငယ်ချင်းတွေလဲ မိန်းကလေးတစ်ယောက်ကို ချစ်မိခဲ့တယ်ဆိုရင် အရမ်းမမျှော်လင့်ကြပါနဲ့
ကိုယ်ချင်းစာလို့ပါ
လူသားတိုင်းကျန်မာပျော်ရွင်ပြီး၊ ချစ်တဲ့သူတိုင်းပေါင်းရပါစေ၊ မျှော်လင့်ထားတဲ့အတိုင်းဖြစ်ကြပါစေ

No comments:

Post a Comment