ယင်းသို့ မြတ်စွာ ဘုရားကို ရည်မှန်း ၍ တည်ထားသော “ဘုရားစေတီ” အချင်းချင်း မည်သည့်ဘုရား က “တန်ခိုးကြီးသည်” ဟု သုံးနှုန်းနေကြခြင်း မှာ သင့်တော် လျှောက်ပတ်ပါ ၏လော၊ မြန်မာပြည် အဝန်းတွင် ဘုရား စေတီအများ အပြား ရှိလေရာ ”တန်ခိုးကြီး ဘုရားဖူးမည်” ဟု အချို့သော ဘုရားဖူး လုပ်ငန်းရှင်များ က ကြော်ငြာလေ့ရှိကြ၏။
ထို ဘုရားတို့သာ တန်ခိုးကြီးပြီး ကျန်သောဘုရားတို့က တန်ခိုးမရှိတော့ပြီလော။
“တန်ခိုးကြီး
ဘုရား” ဟူသော အသုံးအနှုန်း နှင့် စပ်လျဉ်း၍ ဂါးဒီးယန်း ဦးစိန်ဝင်း၏
အမေးကို အရှင်ဇနကာ ဘိဝံသ ဆရာတော်ကြီး၏ အဖြေမှာ များစွာ မှတ်သားစရာ
ကောင်းလှပါသည်။
ဂါးဒီးယန်းဦးစိန်ဝင်း၏ အမေးမှာ-
“တန်ခိုးကြီး ဘုရားကို တကူးတက သွား၍ ဖူးမြှော် ပူဇော်ခြင်းနှင့် အိမ်တွင် ကိုးကွယ်ထားသော ရုပ်ပွား တော်ကို ဖူးမြှော်ခြင်း တွင် မည်သည့် ဖူးမြှော်ခြင်းက ပို၍ အကျိုးရှိပါ သနည်း?”
ဆရာတော်ကြီး၏ ဖြေကြားတော်မူချက်မှာ ဤသို့ဖြစ်ပါ၏။
“ဘုန်းကြီး
အလိုအားဖြင့် သက်တော် ထင်ရှား မြတ်ဘုရား၏ ကိုယ်စား တော်ချည်း ဖြစ်ကြသော
ရုပ်ပွား တော်၊ စေတီတော် များကို တန်ခိုးကြီးငယ် မခွဲခြားလိုပါ။
လူ
အသွား အလာများသည် ကို တန်ခိုးကြီး လူအရောက် အပေါက် နည်းသည်ကို တန်ခိုးငယ်
ဟု ဆိုလိုလျှင် တောကြီး တောင်ကြီး ထဲ၌ လူ တစ်ယောက်မှ အရောက် အပေါက်မရှိသော ရုပ်ပွားတော်၊ စေတီတော် များကို တန်ခိုး မရှိသော ဘုရား ဟုခေါ်ရ မလို ဖြစ်နေ ပါသည်။
ထို့ကြောင့် ဤပြဿနာ အတွက် အထူးဖြေဖွယ်ရာ မလိုပါ။
ဥပမာ အသက်ရှိသော မိဘကို မြင်တွေ့ ရခြင်းနှင့် မိဘ မရှိ၍ ဓါတ်ပုံ ကိုသာ
ကြည့်ရခြင်း ရိုသေ လေးစားမှု မကွာလျှင် အကျိုးပေး မကွာနိုင် သကဲ့သို့တည်း”
ဤသို့ဆိုလျှင်
ဂေါတမ မြတ်စွာဘုရား တစ်ဆူ တည်းကိုသာ မှန်းဆ ရည်ရွယ်တည် ထားသော “ဥဒ္ဒိဿစေတီ”
ချင်း တူပါလျက် အချို့ချို့သော ဘုရား စေတီများကို “တန်ခိုးကြီး ဘုရား” ဟူ၍
ရွေးချယ် သုံးနှုန်းခြင်း အပေါ် မည်သို့သဘောထား သင့်သည်၊ ထင်မြင်ယူဆ
သင့်သည်ကိုမျှော်ခေါ် ဆင်ခြင် သုံးသပ်ကြည့်နိုင် ကြလိမ့်မည် ထင်ပါသည်။
ကျွန်တော်
ကိုရင်ဝတ်တုန်း ကလဲ ကျောင်းက ဆရာတော်ကြီးကို လာလျောက်ကြတဲ့ တောနယ်က
ဆင်းရဲတဲ့ ဒကာမ တချို့ကိုတွေ့ဖူးပါတယ်။ အဲဒီ ဒကာမတွေက ကျောင်းမှာ
သူတို့သားတွေကို ဘုန်းကြီး ကျောင်းသား အဖြစ်ထားပြီး သူတို့ရဲ့ပညာရေး ကို
ဆရာတော်ကြီး က တာဝန် ယူရပါတယ်၊ ထားပေးတာ ကတော့ အစိုးရ ကျောင်းပါ၊ ကလေး တွေက
ကျောင်းသား အရွယ် ဆိုတော့ အဆော့ မက်တာပေါ့၊ ဘုရားဝတ်ပြု ချိန်ဆိုရင်
ကြိမ်နဲ့ခေါ်ရတယ်၊ ကလေး အမေ ဒကာမက အထက် မြန်မာပြည် တန်ခိုးကြီး ဘုရားဖူးဖို့
သူ့သားကို ခေတ္တခဏ လာခေါ်ကြတာပါ၊ အဲဒီတော့ သူတို့ သားက ကျောင်းက
ဘုရားကိုတောင် ဝတ်ပြု ချိန် မမှန်ချင်တာ၊ ဘုန်းကြီး ကသူ့ကိုမိန့်ပါတယ်၊
မင်းက
တန်ခိုးကြီး ဘုရားသွားဖူး ဦးမယ် ဟုတ်လား၊ ငါ့ကျောင်း ပေါ်ကဘုရားလဲ တန်ခိုး
ကြီးပါတယ် ကွာ ကျောင်းပေါ်က ဘုရားကို အားနာပါဦးကွာ တဲ့ဗျာ…….
No comments:
Post a Comment