Wednesday, June 25, 2014

မိမိအသုံးပြုနေတဲ့ကွန်ပြူတာတွေမှာ မလိုတဲ့ဖိုဒ်တွေ ရှင်းရန်



 စက်ထဲမှာပြည့်နေတဲ့မလိုတဲ့ဖိုဒ်တွေများလာရင် စက်လေးလာပါတယ် သုံးရတာအရင်ကနဲ့မတူပဲ နှေးကွေးလာပါလိမ့်မယ် ဒီလိုတွေမဖြစ်စေဖို့ ပြုလုပ်ရမယ့်ဟာလေးတွေကိုပြောပြပေးချင်ပါတယ် Windows Key ကိုဖိပြီး R ကိုနှိပ်ပါ Boxထဲမှာ tempရိုက်ထည့်ပါ ဖိုဒ်တစ်ခုပွင့်လာရင် Ctrl + Aနှိပ်ပြီး Shift + Deleteကိုနှိပ်ပါ
ရိုက်ထည့်ရမှာက ၄ ခုရှိပါတယ် temp - %temp% - recent – prefetch တို့ပဲဖြစ်ပါတယ်

ဗဟုတုတအနေဖြင့် သစ်မွှေးပင်အကြောင်းနှင့် ကျန်းမာရေးအထောက်အကူပြုသောအကြောင်း ကမ္ဘာတွင်အလွန်တန်ဖိုးကြီးသောသစ်မွှေးပင်အကြောင်း



 








သစ်မွှေးပင်အကြောင်း

သစ်မွှေးပင်၏ ပင်စည်အတွင်း အညိုနက်ရောက်ကိန်းသောသစ်စေးကို သစ်မွှေးဆီဟုခေါ်ပါသည်။ မြန်မာလို အကျော်ပင်ဟုလည်းသိကြသည်။ ကမ္ဘာပေါ်တွင် ဈေးကြီးတန်ဖိုးရှိသော သစ်ပင်မျိုးဖြစ်သည်။ သစ်မွှေးပင်(ခ)အကျော်ပင်သည် မှိုရောဂါပိုးဝင်ရောက်ခြင်းကြောင့် သစ်မွှေးဖြစ်တည်ရခြင်းဖြစ်ပြီး အကြောင်းရင်းမှာ ပင်စည်ဖောက်ပိုးများဖောက်ထွင်းအိမ်ဖွဲ့ခြင်း၊ ရွက်ကိုက်ပိုးများ၏ စွန့်ထုတ်သော အညစ်အကြေးတို့ကြောင့် (Microbe) မိုက္ကရုဘ်(စ်) မှိုရောဂါပိုးဖြစ်စေပြီး မှိုပိုးစွဲကပ်၍ အပင်မှလည်း ပြန်လည်တုန့်ပြန်သောကြောင့် ရောဂါပိုးနှင့်ထိတွေ့သောအခါ သစ်မွှေးပင်မှအငွေ့ပြန်နှုန်း အလွန်မြင့်မားသောကြောင့် ဇီဝဒြပ်ပေါင်းပါဝင်သည့်သစ်စေးများကိုထုတ်ပေးခြင်းကြောင့် သဘာဝသစ်မွှေးဆီဖြစ်တည်ကြောင်း လေ့လာတွေ့ရှိမှု မှတ်တမ်းများအရ သိရပါသည်။
သဘာဝဖြစ်စဉ်သစ်မွှေးပင်အကြောင်း

ပင်စည်အတွင်း ပိုးဝင်ရောက်ခြင်းမရှိသော ပင်စည်သား၏အရောင်မှာ အစက်အပြောက် အလျဉ်းမပါဝင်သော အဖြူရောင်(သို့)

Tuesday, June 24, 2014

ငရဲ အကြာင်း သိထားသင့်သောအရာများ ဖြစ်ပါသည်။



အကုန်ဖတ်ကြည့်စေလိုပါသည်။မသိ့သေးသူများကိုလည်း
ပြောပြနိုင်ပါစေ။ ပြန်လည်မျှဝေချင်းဖြင့် ကုသိုလ်ယူပါ။
အပါယ်ဟူသည် (ချမ်းသာမှု အပေါင်းမှ ကင်းဆိတ်ခြင်း) ( ပါဠိလို အပါယ =အပါရ) ((အပ+အယ) အယ=ချမ်းသာသုခမှ၊ အပ=ကင်းတာ)) မှ ဆင်းသက်လာသည်။ အပါယ် လေးဘုံ ဆိုသည့်
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ရှိလေသည်။ ငရဲ အမျိုးအစား (၈) မျိုး ရှိလေသည်။
(၁) ။သိဉ္စိုး ငရဲ၊
(၂) ။ကာဠသုတ် ငရဲ၊
(၃) ။သံဃာတာ ငရဲ၊
(၄) ။ရောရုဝ ငရဲ၊
(၅) ။မဟာရောရုဝ ငရဲ၊
(၆) ။တာပန ငရဲ၊
(၇) ။မဟာ တာပန ငရဲ၊
(၈) ။အဝီစိ ငရဲ စသည်ဖြင့် ငရဲကြီး ရှစ်ထပ် ရှိသည်၊
(၁)။ သိဉ္စိုးငရဲ = ထပ်တလဲလဲ မလွတ်မြောက်ပဲ ခံစားရသောငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။

ပိတ်ချင်းမြောင် မဟာနန္ဒမှုလိုဏ်ဂူတော်အကြောင်း



ပိတ်ချင်းမြောင်လိုဏ်ဂူတော်သည် ပြင်ဦးလွင်မြို့အရှေ့ဖက်(၁၃)မိုင်အကွာ မြေပုံညွန်းအမှတ် G-188783တွင်တည်ရှိပြီး လိုဏ်ဂူအ၀အကျယ်ပေ(၂၀)ခန့်နှင့်အတွင်းတွင် (၁၆၀၀)ကျော်ရှည်လျားသည့် သမိုင်းဝင်ဘုရားလိုဏ်ဂူတော်ကြီးဖြစ်ပါသည်။ လိုဏ်ဂူတော်အတွင်းရှိ ကျောက်များဖြစ်ပေါ်ချိန်က လိုဏ်ဂူဖြစ်ပေါ်ရာဒေသသည် ပင်လယ်ရေအောက်မှာပင်ရှိခဲ့ပြီး ပင်လယ်မှထုံးကျောက်များစုပုံ၍ ဂူဖြစ်စေခဲ့ခြင်းဖြစ်ပါသည်။ လိုဏ်ဂူတော်အလျားမှာ(၁၆၀၈)ပေရှိ၍အမြင့်ဆုံးနေရာမှာ (၄၀)ပေရှိပြီး၊ အနိမ့်ဆုံးနေရာမှာ(၅)ပေရှိပြီး၊ အကျယ်ဆုံးနေရာမှာ(၃၀)ပေခန့်ရှိပြီး အကျဉ်းဆုံးနေရာမှာ(၄)ပေခန့်ရှိပါသည်။ လွန်ခဲ့သောနှစ်သန်းပေါင်း(၂၅၀)နှင့်(၃၁၀)ကြားမှဖြစ်ပေါ်တည်ရှိခဲ့သည်ဟုပညာရှင်များမှယူဆကြသည့်ထုံးကျောက်ပန်းခက်ပန်းဆွဲများနှင့် ကျောက်သားနံရံများကိုတွေ့မြင်ရမှာပါ၊ လိုဏ်ဂူတော်အပြင်ဘက်ရှိ စိတ္တသုခဓမ္မာရုံအနီးတွင် ပူဇော်ထားရှိသောနဂါးရုံဘုရားနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားများကိုဖူးတွေ့နိုင်မှာဖြစ်ပြီး ဒီပင်္ကရာမြတ်စွာဘုရားမှသုမေဓါရှင်ရသေ့အား နောင်ဘဒ္ဒကမ္ဘာတွင်ဘုရားဖြစ်တော်မှုမည်ဟု ဗျာဒိတ်ပေးတော်မှုဟန်ရုပ်ပွားတော်များကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်၊ မဟာနန္ဒမှုလိုဏ်ဂူတော်သို့ လာရောက်ဖူးမျှော်သူများမှာများလှပါတယ်၊ မဟာနန္ဒမှုလိုဏ်ဂူတော်ရှေ့တွင် ရေတံခွန်ကို တွေ့မြင်ရမှာဖြစ်ပြီး ရေကိုထိတွေ့လိုက်ပါကအေးမြတဲ့ခံစားချက်ကိုရစေမှာပါ ရေကစားသူများကိုလည်းတွေ့မြင်ရမှာဖြစ်ပြီး ပျော်ရွှင်မှုကိုခံစားနိုင်မှာပါ၊ လိုဏ်ဂူတော်အ၀င်ဝရှိကျောက်ခက်ပန်းဆွဲများနှင့် ပဉ္စ၀ဂ္ဂီငါးဦးအားမြတ်စွာဘုရားမှ တရားဦးဟောတော်မှုဟန်ရုပ်ပွားတော်ကိုဖူးတွေ့နိုင်ပါတယ်၊ သဘာဝမှဖြစ်လာတဲ့ ကျောက်ခက်ပန်းဆွဲများကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်၊ လိုဏ်ဂူတော်အ၀င်ဝမှပလာစတာနဂါးရုံဘုရားနှင့် ကျောက်သားစစ်စစ်နဂါးရုံဘုရားကိုလည်းဖူးတွေ့ရမှာဖြစ်ပါတယ်၊ အများပြည်သူလှူဒါန်းထားရှိပူဇော်ထားသော ဘုရားဆင်းတုတော်များကိုလည်းဖူးမျှော်ရမှာပါ၊

Sunday, June 22, 2014

G.A.E မှမကြာမှီ ထွက်ရှိလာတော့မည့် GUU JUU !



G.A.E မှမကြာမှီ ထွက်ရှိတော့မည့် ? GUU JUU > Facebook Pageအားကြည့်လိုပါက အောက်တွင်ဝင်ပါfacebook Page goldenartenterprise

Thursday, June 19, 2014

အကောက်တောင်ဘုရားဖူး နေ့ချင်းပြန်ခရီးစဉ်

 သူငယ်ချင်းများနဲ့အတူ မိသားစုများနဲ့အတူ အဖွဲ့လိုက်သွားလိုပါသလားစီစဉ်ဆောင်ရွက်ပေးပါသည် နေ့ချင်းပြန်ဖြစ်လို့ အလုပ်ပိတ်ရက်ကျောင်းပိတ်ရက်တွေမှာသွားလို့ရတယ်နော် သဘာဝအလှအပများကိုမြင်တွေ့ရမှာဖြစ်ပြီး ဘုရားများကိုလည်းဖူးမျှော်နိုင်မှာဖြစ်ပြီး စိတ်ပင်ပန်းမှုတွေမရှိပဲ စိတ်ချမ်းသာမှုရစေမှာအမှန်ပါခင်ဗျာ……… ၇ ယောက်ပြည့်ပါက ခရီးစဉ်ထွက်ပေးပါတယ်ခင်ဗျာ မိမိတို့မှ သူငယ်ချင်းများနဲ့အတူသွားလိုပါကလည်းစီစဉ်ဆောင်ရွက်ပေးနေပါသည် အသေးစိတ်သိရှိလိုပါကလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ တစ်ယောက်၃၅၀၀၀ကျပ် ၇ယောက်ပြည့်ပါကခရီးစဉ်ထွက်ပေးပါသည်။ ကောင့်ကလင့်တွင်သိရှိလိုပါကမေးမြန်းနိုင်ပါသည်
Facebook link kplusbloggerinformative



Apple Wallpaper ယူချင်သူများအတွက် အမိုက်စား






♦သက်သေခံပစ္စည်း♦


အဖွဲ့အစည်းတစ်ခု၏ အတွင်းရေးမှုးထံသို့ အဖွဲ့ဝင်တစ်ယောက်၏ဇနီးရောက်လာပြီး ၄င်း၏ယောင်္ကျားဖောက်ပြန်
နေကြောင်း လာရောက်တိုင်ကြားသည်။“ဖြစ်နိုင်ပါ့မလားဗျာ။ ကျွန်တော်သိရသလောက် ခင်ဗျားယောင်္ကျားဟာ လူရိုး
တစ်ယောက်ပါ” “အထောက်အထားရှိလို့ ကျွန်မစွပ်စွဲတာပါ” ဟုဆို၍ သူမယောင်္ကျားထံမှ ရရှိထားသော အမျိုးသမီး
အတွင်းခံဘောင်းဘီတစ်ထည်ကိုထုတ်ပြသည်။

“ဒါဆိုလည်း အဲဒီဘောင်းဘီထားခဲ့ဗျာ။ သူ့ကိုခေါ်ပြီးမေးကြည့်ပေးမယ်”
ထိုသို့ ကတိပေးပြီးနောက် အတွင်းရေးမှုးသည် ဘောင်းဘီထုပ်ကို အံဆွဲထဲထည့်ထားလိုက်သည်။ထို့နောက် ကော်မတီ
ဝင်များ လာရောက်မည်ဟု သတင်းရသဖြင့် ၄င်းအထုပ်ကို လက်ဆွဲအိတ်ထဲသို့ ပြောင်းထည့်လိုက်လေသည်။ ထိုနေ့က
အစည်းအဝေးများဖြင့် ပင်ပန်းခဲ့သောအတွင်းရေးမှုးသည် ၄င်းလက်ဆွဲအိတ်ကိုဆွဲ၍အိမ်ပြန်လေသည်။ အိမ်သို့ရောက်
သောအခါ သားဖြစ်သူက ရုပ်ရှင်သွားကြည့်ပါရစေဟု ပူစာလေသည်။

“ဖေဖေ့လက်ဆွဲအိတ်ထဲမှာ ပိုက်ဆံရှိတယ်။ မင်းအမေကို ယူခိုင်းလိုက်”
အတွင်းရေးမှုး၏မိန်းမသည် သားအတွက် ပိုက်ဆံယူရန် အတွင်းရေးမှုး၏လက်ဆွဲအိတ်ကို ဖွင့်လိုက်လေသည်။
အိတ်အတွင်းမှ အထုပ်တစ်ထုပ်ကိုတွေ့၍ ဖွင့်ကြည့်ရာ အတွင်းခံဘောင်းဘီဖြစ်နေသည်ကိုတွေ့ရလေသည်။ အတွင်းရေး
မှုး၏ဇနီးသည် ၀မ်းသာအားရလေသံဖြင့်

“ကျွန်မအတွင်းခံဘောင်းဘီပျောက်လို့လိုက်ရှာနေတာ အခုမှပဲ တွေ့တော့တယ်။
ရှင်က လက်ဆွဲအိတ်ထဲ ထည့်ပြီး ယူယူသွားနေတာကိုး”

သြော်မိန်းမ မိန်းမ



တရုတ်ပြည်မှာ အငယ်ထားတာ ခေတ်စားသတဲ့...
ထိုင်ဝမ်ကျွန်းကလူတစ်ယောက် လွန်ခဲ့တဲ့ငါးနှစ်က တရုတ်ပြည်မှာ အငယ်တစ်ယောက်ထားခဲ့တယ်။ အငယ်အတွက်
၎သိန်းတန်အိမ်တစ်လုံး ဝယ်ပေးခဲ့ပြီး လစဉ်လတိုင်း ယွမ် ၃ ထောင်ပေးသုံးခဲ့တယ်။ ဒီတစ်နှစ်မှာ အငယ်နဲ့ သူလမ်းခွဲ
လိုက်တယ်။ ဝယ်ထားတဲ့အိမ်ကိုရောင်းတော့ ၁၂သိန်းရတယ်။ တွက်ကြည့်တော့ အငယ်ကို ၆နှစ်အလကားတွဲလိုက်ရပြီး
၆သိန်းမြတ်သွားတယ်။ အိမ်မြေရောင်းဝယ်ရေးကို သူကျေးဇူးတင်တယ်။ အငယ်ထားတာဟာ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့
သူဆိုတယ်။အဲဒီလိုနဲ့ ထိုင်ဝမ်ပြန်ရောက်လို့ ဒီအကြောင်းကို မယားကြီးကသိတော့ သူ့ကိုနားရင်းအုပ်ပြီးဆူတယ်။
"ဘာဖြစ်လို့ အငယ်တစ်ယောက်ပဲ ထားခဲ့သလဲ" တဲ့...

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးအကြောင်း အပိုင်း (၁)





တည်နေရာ (ကိန်းဝပ်စမ္ပယ်တော်မှုရာဒေသ)
ရွှေနတ်တောင်စေတီတော်မြတ်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မယားမာန် ကျေးရွာအုပ်စုတွင် တင့်တယ်သပ္ပါယ်စွာ ကိန်းဝပ်စမ္ပယ်တော်မှုလျှက် ရှိပါသည်။ ရွှေတောင်မြို့မှ (၄)မိုင်အကွာ ကျီးသဲ၊ ညောင်စာရေးသွား ကားလမ်းဆုံရှိ ဒေ၀ါဂီရိ တောင်ထိပ်ပေါ်တွင် ရွှေရောင်တ၀င်းဝင်းဖြင့် အလွန်ကြည်ညို ဖွယ်ရာကောင်းလျက်ရှိပါသည်။
စေတီတော်မြတ်ကြီး၏ ယခုဖူးတွေ့ရသော ဉာဏ်တော်အမြင့်မှာ (၈၁)တောင် (၁)ထွာမြင့်ပါသည်။ (၁၂၆၁-ခုနှစ်၊ နယုန်လဆုတ် ၁၂ရက်နေ့တွင် ရေးသားမှတ်တမ်းတင်ခဲ့သည့် ဂေါပကအဖွဲ့ဝင် ဦးခိုင်၏ လက်ရေးမှု မှတ်တမ်းအရ ကိုက်တောင်ဟု မှတ်တမ်းတင်ခဲ့ပါသည်။
စေတီတော်ကြီး၏ ပတ်လည်တွင် စေတီရံ(၈၁)ဆူ၊ ကနက္ကဒဏ်ထီးတိုင်(၁၄)တိုင်၊ ရွှေပန်းခိုင်(၁၅)ခိုင်၊ ကြေးခေါင်းလောင်း(၁၉)လုံး၊ စောင်းတန်း(၄)သွယ်၊ အာရုံခံ တန်စောင်းငယ်(၄)ခုတို့ ရှိကြပါသည်။
စေတီတော်မြတ်ကြီး၏ သမိုင်းကို မဖော်ပြမီ စေတီတော်မြတ်ကြီး ကိန်းဝပ်စမ္ပယ်တော်မှုရာ မြို့နယ်ဖြစ်သည့် ရွှေတောင်မြို့ကို ဦးစွာဖော်ပြလိုပါသည်။
''ဗုဒ္ဓဂေါတမ နတ်တောင်သို့ ကြွတော်မှုခြင်း" (အပိုင်း ၁)
          မဟာသက္ကရာဇ်(၁၀၃)ခုနှစ်တွင် သိဒ္ဓတ္တမင်းသား ဘုရားဖြစ်တော်မှုပြီးနောက် ဒုတိယ၀ါဆို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ ၀ါဆိုတော်မှု၏။ မြတ်စွာဘုရားသည် ရွှေဉာဏ်တော် ကွန်ယက်ကို ဖြန့်ကျက်တော်မှုသည့်အခါ ကဉ္စနာဂီရိ နိဂုံးကြီးနှင့် ဒေ၀ါရီတောင်ရှိ ဆွေတော်မျိုးတော်အပေါင်းတို့ကို မြင်တော်မှုလေသည်။ ဆွေတော်မျိုးတော်တို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့ ချမ်းသာသုခ ရကြလိမ့်မည်ကိုလည်းကောင်း။ ဗုဒ္ဓသာသနာ အဓွန့်ရှည်စွာ တည်တံ့မည်ကိုလည်းကောင်း၊ မြင်တော်မှုပါသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် နောက်လိုက်သံဃာမပါဘဲတစ်ပါးတည်း ဒေ၀ါဂီရိနတ်တောင်သို့ မဟာသက္ကရာဇ် (၁၀၄)ခုနှစ် (ဘီစီ - ၅၈၇)တွင် ကြွတော်မှုပါသည်။
          ထိုအချိန်က မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာကျယ်ပြန့်စွာ မထွန်းကားသေးသည့်အပြင် နိဂုံးသူ နိဂုံးသားတို့သည် နတ်ကိုးကွယ်သည့်အလေ့အထ အကျင့်စရိုက်သာ ရှိကြသဖြင့် မြတ်စွာဘုရားသည် နတ်သားအသွင် ဖန်ဆင်းတော်မှုပြီး ကြွတော်မှုခဲ့ပါသည်။ နတ်တောင်သို့ရောက်တော်မှုသောအခါ သိကြားမင်း  ဖန်ဆင်းခင်းထားအပ်သော ရတနာပလ္လင်ပေါ်၌ ထက်ဝယ်ဖွဲ့ခွေ သီတင်းသုံးနေတော်မှု၏။ ထိုနေ့ည နတ်ပြည်ခြောက်ထပ်၌ နေကြကုန်သော နတ်ဗြဟ္မာတို့ကို တရားရေအေးတိုက်ကျွေးတော်မှုပြီး ခြောက်ပါးသော ရောင်ချည်တော်တို့ ကွန့်မြူးတော်မှုရာ အရပ်ရှစ်မျက်နှာတွင်တလျက်လျက်ဖြင့် ထွန်းလင်း၍ ဒေ၀ါဂီရိတစ်တောင်လုံး လင်းထိန်လျက်ရှိပါသည်။
      

G.A.E မှ မကြာမှီထွက်ရှိလာတော့မည့် Guu Juu ! !




Wednesday, June 18, 2014

Titanic သင်္ဘော တည်ဆောက်ခဲ့စဉ်က ရှားပါး ဓါတ်ပုံများ။









 Titanic သင်္ဘောအကြောင်းကို အားလုံး သိပြီးသား ဖြစ်မှာပါ။ ဒီ သင်္ဘောကြီးကို ( 1909 ) ခုနှစ်ကနေ ( 1911 ) ခုနှစ် အထိ အင်္ဂလန်နိုင်ငံ လီဗာပူးလ် ဆိပ်ကမ်းမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ထိုကဲ့သို့ တည်ဆောက်နေခဲ့ ကြပုံများကို မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြတဲ့အတွက် ဒီကနေ့မှာ ပြန်လည် ရှု့ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ အောက်ပါတော့ ဒီသင်္ဘောကြီး တည်ဆောက်ခဲ့စဉ်ခါက ဓါတ်ပုံများကို ဗဟုသုတ အနေဖြင့် တင်ပြပေးလိုက်ပါတယ်။ IMO ရဲ့အစလည်းဖြစ်ပါသည်။