သစ်မွှေးပင်အကြောင်း
သစ်မွှေးပင်၏
ပင်စည်အတွင်း အညိုနက်ရောက်ကိန်းသောသစ်စေးကို သစ်မွှေးဆီဟုခေါ်ပါသည်။ မြန်မာလို အကျော်ပင်ဟုလည်းသိကြသည်။
ကမ္ဘာပေါ်တွင် ဈေးကြီးတန်ဖိုးရှိသော သစ်ပင်မျိုးဖြစ်သည်။ သစ်မွှေးပင်(ခ)အကျော်ပင်သည်
မှိုရောဂါပိုးဝင်ရောက်ခြင်းကြောင့် သစ်မွှေးဖြစ်တည်ရခြင်းဖြစ်ပြီး အကြောင်းရင်းမှာ ပင်စည်ဖောက်ပိုးများဖောက်ထွင်းအိမ်ဖွဲ့ခြင်း၊
ရွက်ကိုက်ပိုးများ၏ စွန့်ထုတ်သော အညစ်အကြေးတို့ကြောင့် (Microbe) မိုက္ကရုဘ်(စ်) မှိုရောဂါပိုးဖြစ်စေပြီး
မှိုပိုးစွဲကပ်၍ အပင်မှလည်း ပြန်လည်တုန့်ပြန်သောကြောင့် ရောဂါပိုးနှင့်ထိတွေ့သောအခါ
သစ်မွှေးပင်မှအငွေ့ပြန်နှုန်း အလွန်မြင့်မားသောကြောင့် ဇီဝဒြပ်ပေါင်းပါဝင်သည့်သစ်စေးများကိုထုတ်ပေးခြင်းကြောင့်
သဘာဝသစ်မွှေးဆီဖြစ်တည်ကြောင်း လေ့လာတွေ့ရှိမှု မှတ်တမ်းများအရ သိရပါသည်။
သဘာဝဖြစ်စဉ်သစ်မွှေးပင်အကြောင်း
ပင်စည်အတွင်း
ပိုးဝင်ရောက်ခြင်းမရှိသော ပင်စည်သား၏အရောင်မှာ အစက်အပြောက် အလျဉ်းမပါဝင်သော အဖြူရောင်(သို့)
အ၀ါရောင်ဖျော့ခြင်းကို တွေ့ရှိရပါသည်။ လေ့လာတွေ့ရှိမှုမှတ်တမ်းအရ သဘာဝအလျောက်ဖြစ်ပေါ်စေပြီး၊
သဘာဝအလျောက်တောထဲရှိပေါက်ရောက်သော သစ်မွှေးပင်များတွင်လဲ သစ်မွှေးဆီ ရှာဖွေတွေ့ရှိနိုင်ချေ
၁၅% မှ ၂၀%သာ အများအားဖြင့်တွေ့ရပါကြောင်း ကချင်ပြည်နယ် သစ်မွှေးမုဆိုးလီစူးရ၀မ်လူမျိုးများထံမှ
လုပ်ငန်းအတွေ့အကြုံအရ ပြောပြခြင်းကို သိရှိရပါသည်။ သစ်မွှေးဆီရှာဖွေရရှိသောသဘာဝတောထဲရှိ
သစ်မွှေးပင်ကြီးများ၏ အောက်ခြေအနီးနားတ၀ိုက်တွင်ပေါက်ရောက်လျက်ရှိသော သစ်မွှေးပင်ကလေးများကို
တူးယူ၍ သစ်မွှေးမုဆိုးများက ယင်းတို့၏ အိမ်ခြံဝင်းသို့ ယူဆောင်၍ နှစ်၂၀မှ၃၀နှစ်အတွင်း
စိုက်ပျိုးထားခြင်းတို့ကြောင့် ကချင်ပြည်နယ်မြစ်ကြီးနားဒေသတ၀ိုက် အပင်ကြီးများတွေ့ရှိကြရပါသည်။
လူတို့ စိုက်ပျိုးထားသော လူတို့နှင့်နီးသော သစ်မွှေးပင်ကြီးများတို့မှာ အဆီဖြစ်တည်ကြောင်း
မတွေ့ရပါကြောင်းနှင့် အဘယ်ကြောင့်သစ်မွှေးဆီမဖြစ်တည်ပါသလဲဟု ဆွေးနွေးမေးမြန်း အဖြေရှာကြရာ
ကျွန်တော်မှလည်း လူတို့စိုက်ပျိုးထားသော သစ်မွှေးစိုက်ပင်များမှာ သဘာဝတောထဲရှိပင်စည်ဖေါက်ပိုးများ
လူတို့နှင့်နီးရာ အနီးအနားတ၀ိုက်နေထိုင်မှု အလွန်နည်းပါးသောကြောင့် နှင့် တောထဲတွင်ပင်စည်ဖောက်ပိုးများအတန်အသင့်နေထိုင်ကြသောကြောင့်
တောထဲရှိ သဘာဝ သစ်မွှေးပင်များတို့တွင် သစ်မွှေးရှာဖွေတွေ့ရှိရမှု (၁၀)ပင်ကို (၂)ပင်လောက်သာ
သစ်မွှေးဆီ ရှာဖွေတွေ့ရှိနိုင်ကြောင်းကို ယူဆရှင်းပြပေးခြင်းကြောင့် ဒေသခံသစ်မွှေးရှာဖွေသူတို့က
ဖြစ်နိုင်ကြောင်း လက္ခံယုံကြည်ကြပါသည်။ ယခုကမ္ဘာနိုင်ငံအသီးသီးရှိ သစ်မွှေးပေါက်ရောက်သောနိုင်ငံတို့၏
နည်းပညာရှင်များမှ သစ်မွှေးပင်များကို အနာပြုလုပ်မှိုသွင်း၍ အဆီဖြစ်တည်အောင် ဆောင်ရွက်မွေးမြူလုပ်ဆောင်နိုင်ပြီဖြစ်သောကြောင့်
အဆီချက်လုပ်ရောင်းချခြင်းကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နေကြပြီး အကျိုးအမြတ် များစွာခံစားနေခြင်းကို
နှစ်အနည်းငယ်သာရှိသေးကြောင်း မြန်မာနိုင်ငံသစ်မွှေးကမ္ဘာ့ဈေးကွက်တွင် မကြာသောနှစ်အနည်းငယ်အချိန်တွင်
တွင်တွင်ကျယ်ကျယ်နေရာရလာစေမှာ အမှန်ပင်ဖြစ်ပါသည်။ စိုက်ပျိုးသူများလည်းဝင်ငွေမျာစွာရရှိ
နိုင်ငံတော်လည်း အခွန်တော်ရစေပြီး မြေကြီးကရွှေသီး ဆိုသောစကားရပ်မှာ သစ်မွှေးစိုက်ပျိုးခြင်းကို
ဆိုလိုသည်ဟု မှတ်ယူထားပါသည်။ ကချင်ပြည်နယ် ဒေသများတွင်စိုက်ခင်းကြီးများစွာ စိုက်ပျိုးထားကြောင်းတွေ့ရှိခဲ့ရပြီး၊
အခြားတိုင်းဒေသများတွင်လည်း များစွာစိုက်ပျိုးထားသည်မှာ အံ့မခန်းတွေ့ရပြန်ပါသည်။ အချိန်တန်လျှင်ခူးစွန်စားသုံးနိုင်သည်။ မတောင်းဘဲလည်း
ပေးကမ်းအကျိုးပြုပါကြောင်း
ဆေးဘက်ဆိုင်ရာအသုံးဝင်မှု
အစွမ်းထက်ခြင်းအကြောင်း
ကချင်ပြည်နယ်မြစ်ကြီးနားမြို့
သစ်မွှေး(ခ) အကျော်ပင်သည် ဆေးဖက်ဝင်အလွန်အစွမ်းထက် တန်ဖိုးကြီးသစ်ပင်ဖြစ်ပါသည်။ အရွက်၊
အပွင့်၊ အသီးခွံ၊ အဆီတို့သည် ဆေးဝါးအတွက် တစ်ပင်လုံးအသုံးဝင်ပါသည်။ ဆေးဝါးသုတေသနများလည်း
အစွမ်းထက်ဆေးဝါးမှတ်တမ်းတင် အသိအမှတ်ပြုနေကြပါသည်။ အရွက်အစိမ်းသည် ဓါးရှ၊ ပွန်းပဲ့အနာတို့ကို
ထုထောင်း၍ အရည်သုတ်လိမ်းခြင်း၊ အုံပေးခြင်း၊ ပြုလုပ်ပေးပါက ရက်အနည်းငယ်အတွင်း အနာမရင်းဘဲ
ဒဏ်ရာမကျန်အောင် ပျောက်ကင်းပါသည်။ အရွက်ကိုအခြောက်လှမ်း လ္ဘက်ခြောက်လုပ်သောက်ပါက လေရောဂါနှင့်
သွေးထိန်းညှိခြင်းပါ ကောင်းပါသည်။ အပွင့် အသီးခွံတို့သည်လည်း လေရောဂါ၊ သွေးရောဂါ၊ အစာအိမ်၊
အဆုတ်နှင့်ဝမ်းတွင် ဖြစ်ပေါ်သော ရောဂါတို့အတွက် သက်သာပျောက်ပင်းစေပြီး အဆိပ်တောက်ပြေစေပါသည်။
နှစ်ခြိုက်စွာအိပ်ပျော်စေခြင်းနှင့် သစ်မွှေးသီးသည် အကောင်းဆုံး အာနိသင်အရှိဆုံး ထိပ်တန်းအစွမ်းထက်ဆေးများတွင်
ပါဝင်သောကြောင့် ကင်ဆာရောဂါနှင့် HIV, AIDS ရောဂါများကိုပါ သက်သာပျောက်ကင်းကြောင်း
လက်တွေ့ဒေသခံ ကချင်လူမျိုးများထံမှ သိရှိခဲ့ရပါသည်။ သစ်မွှေးသီး၏အစွမ်းထက်မှုမှာ သစ်မွှေးအစအနကို
မီးရှို့၍ ရှုစေခြင်းဖြင့် ဦးနှောက်ကြည်လင်စေပြီး ကိုယ်ခံအားမြင့်တက်စေပါသည်။ အဆီ
1CC ထိုးပေးခြင်းဖြင့် ခန္ဓာကိုယ်(၂၄)နာရီအတွင်း ကိုယ်ပူခြင်းခံစားရပြီးနောက် နောက်နေ့တွင်နာကြင်ကိုက်ခဲခြင်း
ဝေဒနာသက်သာ၍ သက်တမ်း ၄နှစ်မှ ၅နှစ်ထိ နေထိုင်သွားရပြီး အသက်ပိုရှည်ကြာစွာ နေထိုင်နိုင်ပါကြောင်း
အဆီထိုးသွင်း၍ ကုထားသော လူနာများကို ကိုယ်တွေ့တွေ့ရှိခဲ့ရပါသည်။ အသားအရေမွဲခြောက်နေသူများလည်းအသုံးပြုနိုင်သည်။
ကမ္ဘာပေါ်တွင် ကျန်းမာရေးအတွက် သစ်မွှေးသီးသည်မရှိမဖြစ်လိုအပ်လာနေမှာဖြစ်၍ ဈေးကြီးတန်ဖိုးရှိသစ်ပင်ကောင်းမျိုးဖြစ်ပါသည်။
သစ်မွှေးရွက်ကိုအစိမ်းခူး၍ ညအိပ်ရာဝင်ချိန်တွင်စည်း(ခင်း)အိပ်ပါက ခါးနာဝေဒနာသက်သာပျောက်ကင်းပါသည်။
ပေါက်ရောက်သော
အာရှနိုင်ငံများ
အိန္ဒိယ၊ တရုတ်၊
လာအို၊ နီပေါ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘာဒီးယား၊ ဗီယက်နမ်၊ မလေးရှား၊ စကာင်္ပူ၊ ဘူတန်တို့ဖြစ်ပါသည်။
သစ်မွှေးပင်သည် အသက်၅နှစ်၆နှစ်သားတို့တွင် အပွင့်ပွင့်အသီးသီးပါသည်။ အသီးရင့်ချိန်မှာဇွန်၊
ဇွန်လိုင်လကုန်လွန်ထိဖြစ်သည်။ နေရာဒေသကွဲပြားမှုပေါ်တွင် ပြောင်းလဲနိုင်ပါသည်။ သစ်မွှေးပင်သည်
နေရာဒေသမရွေး စိုက်ပျိုးပေါက်ရောက် ရှင်သန်နိုင်ပြီး ပြုစုစောင့်ရှောက်ပါက ပိုမိုရှင်သန်ထွန်းကြောင်းနှင့်
ရေကြိုက်သော အပင်မျိုးဖြစ်ပြီး ရေ၀ပ်ခြင်းကိုလုံးဝမကြိုက်ပါ။ အမြစ်ပုတ်၍ အပင်သေစေနိုင်ပါသည်။


No comments:
Post a Comment